စတာလင်နှင့် လီမာကို ခေါ်ယူရန် အာဆင်နယ် စိတ်ဝင်စားနေဆဲဖြစ်

September 11, 2017

စတာလင်နှင့် လီမာကို ခေါ်ယူရန် အာဆင်နယ် စိတ်ဝင်စားနေဆဲဖြစ်

အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်မှူး စတာလင်နဲ့ မိုနာကိုကြယ်ပွင့် လီမာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ စတာလင်ကို မန်စီးတီးအသင်းက ခေါ်ယူလိုနေတဲ့ ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်နဲ့ အလဲအထပ်လုပ်ဖို့ ဆန္ဒရှိနေတာပါ။ စတာလင်အနေနဲ့လည်း ပုံမှန်ပွဲထွက်ခွင့် ရရှိဖို့အတွက် လန်ဒန်ကို ပြန်ဖို့ရှိနေတယ်လို့ သုံးသပ်နေကြသလို မန်စီးတီးအသင်းကလည်း ဆန်းချက်ဇ်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၂၀ နဲ့ ခေါ်ယူမယ်လို့ ပုဂ္ဂိုလ်ရေးအရ ကတိပေးထားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ကစားသမားခေါ်ယူမှု အားနည်းနေတဲ့အတွက် ပရိသတ်တွေရဲ့ ဝေဖန်မှုခံနေရပြီး အသင်းကလည်း ခြေစွမ်းတွေ ကျဆင်းနေခဲ့ပါတယ်။ ဒါပေမယ့်လည်း စက်တင်ဘာ ၉ ရက်က ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲမှာ ဝဲလ်ဘတ်၊ လာကာဇက်တို့ရဲ့ ဂိုးတွေနဲ့ ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။
4 years Ago
Up