စတာလင်ကို

December 4, 2017

စတာလင်ကို တပတ်လုပ်ခ သုံးသိန်းတိုးပေးရန် မန်စီးတီး ပြင်ဆင်

မန်စီးတီးအသင်းဟာ ခြေစွမ်းပြနေတဲ့ စတာလင်ကို တပတ်လုပ်ခပေါင် သုံးသိန်းတိုးမြှင့်ပြီး ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ အင်္ဂလန်တောင်ပံကစားသမား စတာလင်ဟာ  ဟတ်ဒါဖီးလ်၊ ဆောက်သမ်တန်အသင်းတွေနဲ့ ပွဲတွေမှာ အနိုင်ဂိုးတွေ သွင်းယူခဲ့တာကြောင့် မန်စီးတီးအသင်းက ဆုချီးမြှင့်တဲ့အနေနဲ့ လုပ်ခတိုးပေးဖို့ ဆန္ဒရှိနေတာပါ။ အသက် ၂၂ နှစ်ရှိ စတာလင်အနေနဲ့  မန်စီးတီးမှာ တပတ်ပေါင်သုံးသိန်းရမယ်ဆိုရင် ပရီးမီးယားလိဂ်ရဲ့ လုပ်ခအများဆုံး ကစားသမားဖြစ်လာမှာ ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာ မန်ယူကွင်းလယ်ကစားသမား ပေါ့ဘာ က တပတ်ပေါင်၂ သိန်း ၉ သောင်းနဲ့ လုပ်ခအများဆုံးရတဲ့ ကစားသမားဖြစ်ပြီး သူ့ရဲ့နောက်မှာ အီဗရာဟီမိုဗစ်၊ အဂွဲရိုး၊ ယာယာတိုရေး၊ ဟာဇက် စတဲ့ ကစားသမားတွေက အစဉ်လိုက်ရပ် တည်နေပါတယ်။ စတာလင်ဟာ ဒီနှစ် ဘောလုံးရာသီမှာ မန်စီးတီးအတွက် ၁၃ ဂိုးအထိ သွင်း ယူပေးထားပါတယ်။
4 years Ago
Up