စတာရစ်ခ်ျ

November 13, 2018

လောင်းကစားမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသည့် စတာရစ်ခ်ျ တသက်တာ ပွဲပယ်ခံရဖွယ်ရှိ

လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျဟာ လောင်းကစားမှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရပြီး တသက်တာပွဲပယ်အထိ ချခံရဖို့ ရှိနေပါတယ်။ အင်္ဂလန်အက်ဖ်အေအနေနဲ့ စတာရစ်ခ်ျရဲ့ လောင်းကစားကိစ္စနဲ့ ပတ်သက်ပြီး ၈ လကြာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အခုလို သတိပေးစာ ပို့လိုက်တာဖြစ်ပါတယ်။ စတာရစ်ခ်ျအနေနဲ့ နိုဝင်ဘာ ၂၀ ရက်ထက် နောက်မကျဘဲ အက်ဖ်အေကို လျှောက်လဲချက်ပေးရမှာ ဖြစ်ပါတယ်။ စတာရစ်ခ်ျအနေနဲ့ ပြီးခဲ့တဲ့နှစ်က ဝက်စ်ဘရွန်းအသင်းမှာ အငှားသွားရောက်ကစားခဲ့စဉ်က လောင်းကစားမှု ပြုလုပ်ခဲ့တာလို့ ယူဆရပြီး အက်ဖ်အေက အပြီးသတ် စစ်ဆေးမှုတွေ ထပ်လုပ်မှာ ဖြစ်ပါတယ်။ အက်ဖ်အေဟာ အင်္ဂလန်ကစားသမား ဂျိုယေးဘာတန်ကို လောင်ကစားပြုလုပ်မှုနဲ့ ၁၈ လ ပွဲပယ်ပြစ်ဒဏ် ချမှတ်ဖူးပါတယ်။ စတာရစ်ခ်ျအနေနဲ့ လီဗာပူးအသင်းနဲ့လည်း စာချုပ်သက်တမ်း နောက်ဆုံးနှစ် ရောက်ရှိနေတာကြောင့် စွပ်စွဲမှုက ပြစ်မှုထင်ရှားမယ်ဆိုရင် တသက်တာပွဲပယ်အထိ ချမှတ်ခံရဖို့ ရှိနေပါတယ်။
2 years Ago

October 1, 2018

လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျ အကောင်းဆုံးခြေစွမ်းရလာပြီဟု ဖာဒီနန် ပြော

တိုက်စစ်မှူး စတာရစ်ခ်ျ အကောင်းဆုံးခြေစွမ်း ရလာပြီလို့ အင်္ဂလန်နောက်ခံလူဟောင်း ဖာဒီနန်က ချီးကျူး ပြောကြားလိုက်ပါတယ်။ လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျဟာ ချဲလ်ဆီးနဲ့ တဂိုးစီသရေကျခဲ့တဲ့ပွဲမှာ လူစားဝင်ပြီး ချေပဂိုးတဂိုး သွင်းယူခဲ့ပါတယ်။ စတာရစ်ခ်ျဟာ သူ့ရဲ့ အကောင်းဆုံးအချိန်တွေမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ လီဗာပူးအသင်းကို အဓိကကျတဲ့ အခန်းကဏ္ဍကနေ အကူအညီ ပေးနိုင်နေပြီလို့ ဖာဒီနန်က ဆိုပါတယ်။ ဒါ့အပြင် စတာရစ်ခ်ျအနေနဲ့ တိုက်စစ်မှူးဟောင်း ဆွာရက်ဇ် ထွက်ခွာသွားပြီးနောက် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မျှော်လင့်ခဲပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ရတာ ဖြစ်တယ်လို့လည်း ဖာဒီနန်က BT Sport မှာ သုံးသပ်ပြောကြားသွားပါတယ်။ အသက် ၂၉ နှစ်ရှိ စတာရစ်ခ်ျဟာ အခုနှစ်ဘောလုံးရာသီမှာ အရန်ကစားသမားအဖြစ် ပွဲထွက်နေရပေမယ့် စုစုပေါင်း ၇ ပွဲကစားပြီး ၄ ဂိုး သွင်းယူထားပါတယ်။
3 years Ago
More News
Up