စတန့်မယ်

March 10, 2017

ရေခဲပြင်အောက် ဒိုက်ဗင်ထိုးချကာ စံချိန်ချိုး ရေကူးပြခဲ့သည့် စတန့်မယ် (ရုပ်သံ)

ခရိုအေးရှားနိုင်ငံသူ အမျိုးသမီးတဦးဖြစ်တဲ့ လစ်ဒ်ဂျာလီဂျစ်ဗူလစ်ဟာ အလွတ်တန်း ဒိုက်ဗင်စွမ်းရည်ပြသမှုတွေမှာ ကမ္ဘာ့စံချိန်များစွာ တင်ထားနိုင်ခဲ့သူပါ။ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာတော့ ၃၀ စင်တီမီတာထုရှိတဲ့ သြစတြီးယား ရေခဲပြင်အောက် ဒိုက်ဗင်ထိုးချကာ စံချိန်ချိုး ရေကူးစွမ်းရည် ပြသနိုင်ခဲ့ပါတယ်။ လစ်ဒ်ဂျာလီဂျစ်ဗူလစ်ဟာ အရင်တင်ထားခဲ့တဲ့ စံချိန်အကွာအဝေး မီတာ ၁၂၀ ကို ချိုးကာ ၁၂၃ မီတာထိ ကူးခပ်နိုင်ခဲ့တာပါ။ ဒါဟာ လွယ်ကူတယ်လို့ ထင်စရာရှိပေမယ့် မှောင်မည်းနေတဲ့ ရေအောက်မှာ -၂ ဒီဂရီရှိတဲ့ ရေထုတွင်းမှာ ကူးခပ်နိုင်ဖို့ကတော့ တကယ့်ကို မလွယ်ကူလှပါဘူး။ “ဟန်ချက်ညီညီနဲ့ ဒိုက်ဗင်ထိုးချတဲ့ စတန့်စွမ်းရည်ပြမှုကို ရှင်းပြဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ကျမရဲ့ အဖွဲ့သားတွေဟာ နီမိုအက်ဒရီယာ ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ ကျမရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုအပေါ် ဂရုစိုက်ခဲ့ကြတာပါ။ ကျမ တခြားအဖော် ၂ ယောက်နဲ့အတူ  ရေခဲပြင်အောက် ဆင်းခဲ့တာပါ။ အကွာအဝေးမီတာ ၃၀ တိုင်းမှာ အရေးပေါ်အနေနဲ့ ရေခဲပေါက်တွေ ထားခဲ့ရတယ်” လို့ ပြောပါတယ်။
5 years Ago
Up