စတစ်ကာကမ်ပိန်း

February 6, 2021

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ကြ စတေကာ ကမ်ပိန်း ပြုလုပ် (ဓာတ်ပုံ)

'စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ကြ' စတေကာ ကမ်ပိန်းကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

Photo - MPA

12 months Ago

September 13, 2020

ဗကသ ကျောင်းသား ၂ ဦး ဖမ်းဆီးခံရ

စက်တင်ဘာလအတွင်း ရခိုင်ပြည်သူတွေနဲ့အတူရပ်တည်တဲ့ စတစ်ကာကမ်ပိန်း ပြုလုပ်ခဲ့တယ်ဆိုပြီး ဗကသ ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးနဲ့ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး ဗျူရိုက ကိုပိုင်မင်းခန့်တို့ကို စက်တင်ဘာ ၁၂ ရက်နေ့  ည ၇ နာရီလောက်က မြောက်ဥက္ကလာနေအိမ်မှာ သက်ဆိုင်ရာက လာရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါအတွက် ဆေးစစ်မယ်ဆိုပြီး ခေါ်ရာကနေ အစိုးရကိုဆန့်ကျင်တယ်ဆိုပြီး လက်ကိုင်ဖုန်းတွေပါသိမ်းပြီး အကြမ်းဖက် ခေါ်ဆောင်သွားတယ်လို့  ဗကသအဖွဲ့ဝင် ကိုသူရလင်းက ပြောပါတယ်။  နေအိမ်ရှိ တခြားကျောင်းသားတွေက ဒီအဖြစ်အပျက်ကို ဖုန်းနဲ့ live လွှင့်တာကိုလည်း ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ လာရောက်ဖမ်းဆီးရာမှာ တိုင်းနဲ့ခရိုင်ရဲတွေ အပါအဝင် ရပ်ကွက်လူကြီးတွေ ၇ ယောက် ပါဝင်တယ်လို့  ပြောပါတယ်။  ကျောင်းသားနှစ်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုတဲ့ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားပြီး မရမ်းကုန်းရဲစခန်းမှာ သီးသန့်စီခွဲထားကာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်လို့ ဗကသ ဥက္ကဋ္ဌ ကိုသန့်ညီက ပြောပါတယ်။  ဖမ်းဆီးချုပ်နှောင်ထားခြင်းမရှိပေမဲ့ ခံဝန်ထိုးခိုင်းတာကိုတော့ ကျောင်းသားနှစ်ဦးစလုံးက ငြင်းဆန်ခဲ့သလို ညဆယ်နာရီနောက်ပိုင်းမှာတော့ ကျောက်တံတားရဲစခန်းကို ထပ်မံခေါ်ဆောင်သွားတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က သိရပါတယ်။  နွေလှိုင်း(YU)
1 year Ago
Up