စတင်လေ့ကျင့်

November 12, 2020

၁၇ နှစ်အရွယ် ကွင်းလယ်လူ ဘယ်လင်ဂမ် အင်္ဂလန်အသင်းတွင် ပထမဆုံးအကြိမ် စတင်လေ့ကျင့်

ဒေါ့မွန်က အင်္ဂလန်လူငယ်ကြယ်ပွင့် ဘယ်လင်ဂမ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးနဲ့ ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။  အင်္ဂလန်အသင်းမှာ ဆောက်သမ်တန်ကွင်းလယ်လူ ဝက်စ်ပရောက်က ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့တာကြောင့် ဒေါ့မွန်မှာ ခြေစွမ်းပြနေတဲ့ ဘယ်လင်ဂမ်ကို နည်းပြဆောက်ဂိတ်က အစားထိုးခေါ်ယူခဲ့တာပါ။  အသက် ၁၇ နှစ်ပဲရှိသေးတဲ့ ဘယ်လင်ဂမ်ဟာ အင်္ဂလန်ယူ ၂၁ လက်ရွေးစင် အသင်းသားတဦး ဖြစ်ပေမယ့် စီနီယာအသင်းကြီးအတွက်တော့ ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရ တာပါ။  ဘာမင်ဂမ် အကယ်ဒမီအသင်းကနေ ထွက်ပေါ်လာခဲ့တဲ့ ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်မှာ စုစုပေါင်း ၄၄ ပွဲကစားခဲ့ပြီး ၄ ဂိုးသွင်းခဲ့ပြီးနောက် ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။  အခုနှစ်ရာသီမှာ ဒေါ့မွန်အတွက် စုစုပေါင်း ၁၁ ပွဲ ကစားပေးထားပြီး ၁ ဂိုး သွင်းယူထားပါတယ်။ 
6 months Ago

October 8, 2020

အာဂျင်တီးနားအသင်းတွင် မက်ဆီနှင့် ဒီဘားလားတို့ စတင်လေ့ကျင့်

တိုက်စစ်မှူး မက်ဆီနဲ့ဒီ ဘာလားတို့ဟာ အောက်တိုဘာ ၇ ရက်က အာဂျင်တီးနားအသင်းနဲ့ စတင်ပူးပေါင်းလေ့ကျင့်ခဲ့ပါတယ်။  အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအနေနဲ့ အောက်တိုဘာ ၈ ရက်မှာ အီကွေဒေါနဲ့ အိမ်ကွင်းပွဲစဉ်ကစားရမှာဖြစ်ပြီး နောက် ၅ ရက်အကြာမှာ ဘိုလီးဗီးယားအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာပါ။  ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်အတွက် ခြေစစ်ပွဲတိုင်းက အရေးပါနေပြီး ၁၉၉၃ ခုနှစ်က ကိုပါအမေရိကဖလားရယူနိုင်ခဲ့ပြီးနောက် အဓိကပြိုင်ပွဲတွေမှာ ချန်ပီယံဆုနဲ့ ဝေးကွာနေ တဲ့ အာဂျင်တီးနားအသင်းက ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။  နည်းပြ စကယ်လိုနီအနေနဲ့ လူရွေးချယ်မှာ ပီအက်စ်ဂျီတောင်ပံကစားသမား ဒီမာရီယာကို မခေါ်ယူခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။  အသင်းခေါင်းဆောင် မက်ဆီအတွက်လည်း ၂၀၂၂ ကမ္ဘာ့ဖလားက သူ့ရဲ့နောက်ဆုံးပြိုင်ပွဲ ဖြစ်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။ 
7 months Ago
Up