စတင်မဲဆွယ်

September 8, 2020

ဂျပန် အာဏာရပါတီ ခေါင်းဆောင်နေရာအတွက် ဆူဂါ စတင်မဲဆွယ်

ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင်ပိုင်း နေရာအတွက် မဲဆွယ်ပွဲကို အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီဟီဒါဆူဂါက စက်တင်ဘာ ၈ ရက်မှာ စတင်လိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်တားဆီးရေး အစီအမံတွေနဲ့ စီးပွားရေး အစီအမံတွေမှာ ပါဝင်ခဲ့သူ တစ်ယောက်အနေနဲ့  ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ပြီး နိုင်ငံ့အကျပ်အတည်းကို ဖြေရှင်းသွားမယ်လို့  အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ဆူဂါက သူ့ကိုထောက်ခံတဲ့ လွှတ်တော်အမတ်တွေကို ပြောပါတယ်။ ဂျပန်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးပမ်းလိုပါတယ်လို့လည်း လက်ရှိ ဝန်ကြီးချုပ်နေရာ ဆက်ခံရေးမှာ ရှေ့ဆုံးက ပြေးနေတဲ့ ဆူဂါက ပြောပါတယ်။  စက်တင်ဘာလ ၁၄ ရက်မှာ ကျင်းပမယ့် LDP ခေါင်းဆောင် ရွေးကောက်ပွဲမှာ ဆူဂါ အနိုင်ရမယ်လို့  အများက  မျှော်လင့်နေပါတယ်။ LDP ပါတီဟာ လွှတ်တော်မှာ နေရာအများစု ရထားတာမို့ LDP ခေါင်းဆောင် ရွေးကောက်ခံရသူဟာ ဝန်ကြီးချုပ် ဖြစ်လာဖို့ သေချာသလောက်ပဲလို့ ရိုက်တာသတင်းက ခန့်မှန်းပါတယ်။
1 year Ago
Up