စတင်ဆွေးနွေး

October 15, 2020

နှစ်နိုင်ငံ ရေပိုင်နက်အငြင်းပွားမှု လက်ဘနွန်နှင့် အစ္စရေး စတင်ဆွေးနွေး

အငြင်းပွားဖွယ် ရေကြောင်းနယ်နိမိတ်နဲ့ပတ်သက်လို့ လက်ဘနွန်နဲ့ အစ္စရေးကြား အောက်တိုဘာ ၁၄ ရက်က ဆွေးနွေးပွဲ စတင်ခဲ့ပါတယ်။  အဲဒီ ဆွေးနွေးပွဲဟာ မိုင်ထောင်ချီဝေးတဲ့ ခရီးရှည်ကြီးရဲ့ ပထမဆုံးခြေလှမ်းတရပ်လို့ လက်ဘနွန်ညှိနှိုင်းရေးမှူး အကြီးအကဲက ပြောဆိုလိုက်ပါတယ်။  ဆွေးနွေးပွဲကို အမေရိကန်က ကြားဝင်ဆောင်ရွက်ပြိး  သဘာဝဓာတ်ငွေ့ကြွယ်ဝတဲ့ မြေထဲပင်လယ်ပိုင်နက် အငြင်းပွားမှုကို ဖြေရှင်းဖို့ အမေရိကန်က နှစ်များစွာ တိုက်တွန်းထားတာပါ။  အမေရိကန်က လက်ဘနွန်ရဲ့ မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့ကို  တိုးမြှင့်ဖိအားပေးပြီး ဟစ်ဇ်ဘိုလာတို့ရဲ့ အေမယ်ပါတီက အကြီးတန်းနိုင်ငံရေးသမားအပေါ်  ဒဏ်ခတ်ပြုလုပ်ပြီးနောက် သီတင်းပတ်အတော်ကြာမှာ ဘက်ဘနွန်နဲ့ အစ္စရေးနှစ်နိုင်ငံ ကြားဆွေးနွေးပွဲ လုပ်ဖို့ ကြေညာခဲ့တာပါ။  လက်ဘနွန် ကိုယ်စားလှယ်အဖွဲ့ကို စစ်ဘက်အရာရှိ တဦးက ဦးဆောင်ပြိး အစ္စရေးအဖွဲ့ကိုတော့ စွမ်းအင်ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်ပါတယ်။  နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဟာ တစ်နာရီနီးပါး ဆွေးနွေးပြီးနောက် ဆွေးနွေးပွဲကို ရပ်ခဲ့ပါတယ်။ ကိုယ်စားလှယ်နှစ်ဖွဲ့ဟာ နောက်သီတင်းနှစ်ပတ်အကြာမှာ ထပ်မံတွေ့ဆုံဖို့  သဘောတူခဲ့တယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။ 
6 months Ago

January 12, 2020

ဖာနန်ဒက်စ်ကို ခေါ်ယူရန် မန်ယူနိုက်တက် စတင်ဆွေးနွေးတော့မည်

မန်ယူနိုက်တက်အသင်းဟာ စပို့တင်း လစ္စဘွန်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စတင် ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်ရှိ ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ပေါ်တူဂီလိဂ်မှာ ခြေစွမ်းပြနေပြီး ဗစ်တိုရီးယားနဲ့ ကစားခဲ့တဲ့ လိဂ်ပွဲစဉ်မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတွေကတည်းက ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး အခုဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ အပြီးသတ် ဆွေးနွေးမှုတွေ လုပ်ဆောင်တော့မယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့ပါတယ်။  မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကလည်း ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး တခြားအသင်းက ကစားသမားဖြစ်လို့ ဘာမှ မပြောချင်ကြောင်း ပြောထားပေမယ့်လည်း ကွင်းလယ်ပိုင်းမှာ လူအင်အား ဖြည့်တင်းဖို့လိုတယ်လို့ ဝန်ခံ ဖွင့်ဟထားပါတယ်။  မန်ယူအသင်းဟာ ကွင်းလယ်ကစားသမား ဖြစ်တဲ့ ပေါ့ဘာနဲ့ တွန်မီနေးတို့ ဒဏ်ရာရနေလို့ အေဂျက်ဇ် ကွင်းလယ်လူ ဘန်ဒါဘိခ်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
1 year Ago
Up