စတင်ကျင့်သုံး

August 28, 2020

ပဲရစ်တွင် နှာခေါင်းစည်းမတပ်မနေရစည်းမျဉ်း စတင်ကျင့်သုံး

ပြင်သစ်နိုင်ငံ မြို့တော် ပဲရစ်မှာ သြဂုတ် ၂၈ ရက် မနက်  ၈ နာရီက စပြီး နှာခေါင်းစည်း မတပ်မနေရ စည်းမျဉ်း စတင် အာဏာသက်ဝင်ခဲ့ပါတယ်။  ဒီစည်းမျဉ်းကို မြို့တော်ပဲရစ်နဲ့ အနီးဝန်းကျင်ဒေသ ၃ ခုက လမ်းသွားလမ်းလာ၊ စက်ဘီး စီးသူတွေနဲ့ လျှပ်စစ် စကူတာစီးသူ အားလုံး လိုက်နာရမှာဖြစ်ပြီး  အသက်  ၁၁ အောက် ကလေး ငယ်တွေနဲ့ အပြေးလေ့ကျင့်သူ၊ စက်ဘီးစီးသူ၊ ကိုယ်လက်လှုပ်ရှားပြုသူတွေကတော့ ဒီ စည်းမျဉ်းကနေ ကင်းလွတ်ခွင့်ရပါတယ်။  စည်းမျဉ်းချိုးဖောက်သူ ဘယ်သူမဆို ၁၃၅ ယူရိုငွေ  ဒဏ်တပ်ခံရမှာပါ။    သြဂုတ် ၂၇ ရက်က နှာခေါင်းစည်း မဖြစ်မနေတပ်ရေး စည်းမျဉ်းထုတ်ပြန်ရာမှာ  ဝန်ကြီးချုပ် ယန်းကတ်ဆက်က ပြင်သစ်နိုင်ငံရဲ့ ဒေသ ၁၉ ခုကို ဗိုင်းရပ်စ်ကူးစက်ရာ “အနီရောင် ဇုန်” ထဲ ထပ်ထည့်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။  ဒါကြောင့် ပြင်သစ်ကုန်းမကြီးရဲ့  ဒေသ ၉၄ ခုမှာ ၂၁ ခုကို  ဗိုင်းရပ်စ်” အနီရောင် ဇုန်” ဆိုပြီး သတ်မှတ်ထားပါတယ်။  သြဂုတ် ၂၆ ရက် တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ  ၂၄ နာရီအတွင်း ကိုရိုနာဗိုင်း ရပ်စ် ကူးစက်သူ ၅၄၀၀ ကျော် ရှိလာပြီး  ဆေးရုံနဲ့ အထူးကြပ်မတ်ကုသဆောင် တက်ရောက်သူ အရေအတွက်ဟာလည်း တိုးလာတယ်လို့ France 24 သတင်းမှာဖော်ပြထားပါတယ်။ 
1 year Ago
Up