စတင်

October 25, 2020

အီဂျစ်ရွေးကောက်ပွဲ စတင်

သီတင်းပတ်ပေါင်းများစွာ ပြုလုပ်မယ့် အီဂျစ်လွှတ်တော်ရွေးကောက်ပွဲကို အောက်တိုဘာ ၂၄ ရက်က စတင်ကျင်းပခဲ့ပါတယ်။  ဒီလွှတ်တော် ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ အယ်စီစီ ထောက်ခံသူတွေ လွှမ်းမိုးဖွယ်ရှိပါတယ်။  ပထမအကျော့ ရွေးကောက်ပွဲဟာ အောက်တိုဘာ ၂၅ ရက်မှာ ပြီးမှာဖြစ်ပြီး ဒုတိယအကျော့ကို နိုဝင်ဘာ ၇ ရက် နဲ့ ၈ ရက်မှာ ကျင်းပမှာပါ။  နောက်ဆုံးအဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲကို နိုဝင်ဘာနှောင်းပိုင်းနဲ့ ဒီဇင်ဘာ လဆန်းပိုင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။  ရွေးကောက်ပွဲကို ရွေးကောက်ပွဲ ဥပဒေသစ်အရ ကျင်းပနေပြီး ဥပဒေသစ်အရ  လွှတ်တော်အမတ်နေရာ ၅၆၈ နေရာထဲက ၅၀ ရာခိုင်နှုန်းကို ကြိုတင်ရွေးကောက်ခံစာရင်းကို ခွဲဝေသွားမှာပါ။  ဒီစနစ်ဟာ သမ္မတစီစီ ထောက်ခံသူတွေအတွက် အကျိုးများတယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။
1 year Ago

December 24, 2019

ပရိသတ် ၅၂၀၀၀ ကြည့်ရှုနိုင်မည့် ကွင်းသစ်စီမံကိန်းကို အဲဗာတန် စတင်

ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းဟာ ပရိသတ် ၅၂၀၀၀ ဝင်ဆံ့တဲ့ ကွင်းသစ်စီမံကိန်းကို လာမယ့် ၂၀၂၀ ခုနှစ်မှာ စတင်ဆောက်လုပ်ဖို့ ရှိနေပါတယ်။ ဘရန်မလီမော ဆိုတဲ့ နာမည်နဲ့ ခွင့်ပြုမိန့် တင်ထားတဲ့ ကွင်းသစ်ရဲ့ နောက်ဆုံး အပြီးသတ် ဒီဇိုင်းပုံစံကို မကြာသေးခင်က တရားဝင် ထုတ်ဖော်ကြေညာခဲ့ပြီးတော့ လက်ရှိမှာ လီဗာပူးမြို့တော်ကောင်စီနဲ့ အသေးစိတ်ဆွေးနွေးညှိနှိုင်းနေပါတယ်။ စတာလင်ပေါင် သန်း ၅၀၀ လောက်နီးပါး အကုန်ကျခံ တည်ဆောက်သွားမယ့် အဲဒီကွင်းသစ်ကြီးကိုတော့ ရှေးမူလက်ရာမပျက်ဘဲ ခေတ်ပေါ်ဒီဇိုင်းတွေနဲ့ ပေါင်းစပ် တည်ဆောက်သွားမယ်လို့ အဲဗာတန်ကလပ်က ကြေညာထားပါတယ်။  ဂူဒီဆင်ပေါ့ခ်ကို တည်ဆောက်ခဲ့တဲ့ ဗိသုကာပညာရှင်ဖန်တီးမှု အငွေ့အသက်တွေ ကျန်ရှိအောင်လည်း ကွင်းရဲ့အောက်ခြေပိုင်းကို အုတ်နဲ့ တည်ဆောက်ပြီး ဖန်သားဒီဇိုင်းနဲ့လည်း ပေါင်းစပ်ဒီဇိုင်းဆင်သွားမှာ ဖြစ်ကာ  ၃ နှစ်အတွင်းအပြီး တည်ဆောက်သွားဖို့ ရည်မှန်းထားပါတယ်။
2 years Ago
Up