စတင်မိတ်ဆက်

A d v e r t i s e m e n t With Us

October 29, 2017

ကမ္ဘာ့အကြီးဆုံး လေအားလျှပ်စစ်ထုတ်လုပ်ရေးသင်္ဘောကို ရှန်ဟိုင်းတွင် စတင်မိတ်ဆက်

ကမ္ဘာ့အကြီးဆုံး ကမ်းလွန် လေအားလျှပ်စစ်ထုတ်လုပ်ရေး သင်္ဘော ကျန်းဟွာ လောင်ယွမ် အမှတ် ၃ ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ စနေနေ့က စတင် မိတ်ဆက် လိုက်ပါတယ်။ မီတာ တရာရှည်ပြီး ၄၃ မီတာ ကျယ်တဲ့ သင်္ဘောဟာ အမြင့် ၈ မီတာ ရှိပြီး ကမ္ဘာ့အကြီးဆုံး ပင့်တင်နိုင်စွမ်း ဖြစ်တဲ့ တန်ချိန် ၂ ထောင်ကို တင်ဆောင်နိုင်ပါတယ်။ ဒါကြောင့် ပင်လယ်ပြင်မှာ လေအားသုံး တာဘိုင်တွေ တပ်ဆင်ရာမှာ ထိရောက်မှု အကြီးအကျယ် မြှင့်တင်ပေးပြီး ကုန်ကျစရိတ်ကို လျှော့ချပေးတယ်လို့ ကျန်စုပြည်နယ် လောင်ယွမ် ကျန်းဟွာ သမုဒ္ဒရာ အင်ဂျင်နီယာ ကုမ္ပဏီ မန်နေဂျာချုပ် လီကျဲက ပြောပါတယ်။ ဒီသင်္ဘောရဲ့ အဓိက အစိတ်အပိုင်းတွေ အားလုံးကို တရုတ်နိုင်ငံထဲမှာတင် ထုတ်လုပ်ထားတာပါ။ တရုတ်ရဲ့ ပိုးလမ်း ၂ သွယ် စီမံကိန်း တည်ဆောက်ရေးနဲ့ ကမ်းလွန်လေအား လျှပ်စစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့လည်း ဖြစ်တယ်လို့ ရှန်ဟိုင်း ကျန်းဟွာ ဆိပ်ကမ်း စက်ပစ္စည်း ကုမ္ပဏီဥက္ကဋ္ဌ ဟွမ်ချင်းဖှန်က ပြောပါတယ်။ နောက်တဆင့်မှာ သင်္ဘောဟာ စီစဉ်ထားတဲ့အတိုင်း လုပ်ငန်းကို သက်ဆိုင်ရာမှာ အပ်နှံမှာ ဖြစ်ပါတယ်။
3 years Ago

November 29, 2016

စာကြည့်တိုက် ဖုန်းအက်ပလီကေးရှင်း စတင်မိတ်ဆက်

မြန်မာနိုင်ငံရဲ့ ပထမဆုံး စာကြည့်တိုက် ဖုန်း app တခုကို ဒီကနေ့ စတင်မိတ်ဆက်လိုက်ပါတယ်။ ဒီမိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ လမ်းမတော် ၁၀ လမ်းမှာရှိတဲ့ သရပါစာကြည့်တိုက်မှာ ၂၉ ရက်နေ့ နေ့လယ် ၂ နာရီက စတင်ကျင်းပခဲ့တာပါ။ ဒီ Save the Library App မှာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ စာကြည့်တိုက်တွေအကြောင်းကို အသေးစိတ် အချက်အလက်တွေနဲ့အတူ ဆက်စပ်အကြောင်းအရာတွေကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီ App ကို Save the Library စာကြည့်တိုက်များကွန်ရက်နဲ့ Myanmar Links တို့ ပူးပေါင်းပြီး ၂ လကြာ ရေးဆွဲခဲ့တာပါ။ iOS Version အတွက်ကိုလည်း ထပ်ပြီးရေးဆွဲမှာ ဖြစ်ပါတယ်။
4 years Ago
Up