စတင်စမ်းသပ် (ရုပ်သံ)

January 14, 2018

တရုတ်နိုင်ငံ၏ ပထမဆုံး မောင်းသူမဲ့ ရထား စတင်စမ်းသပ် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်မြောက်ဘက် နင်ရှားဝိ့ ကိုယ်ပိုင်အုပ်ချုပ်ဒေသမှာ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပထမဦးဆုံးသော မောင်းသူမဲ့ သံလမ်းတခုတည်းသုံး (Monorail) ရထားလိုင်းစနစ်ကို စတင်စမ်းသက်ပြေးဆွဲခဲ့ပါတယ်။ ဒီရထားလိုင်းစနစ်ကို ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ ဟာ့ဝေးနဲ့ ယာဉ်ရထား ထုတ်လုပ်ရေး ကုမ္ပဏီ ဘီဝိုင်ဒီတို့က တိုးတက်ထုတ်လုပ်ခဲ့တာပါ။ ရထားလိုင်းစနစ်ကနေ ရထားအမြင့်ဆုံးအရှိန် ၁ နာရီ ၈၀ ကီလိုမီတာနှုန်းနဲ့ ပြေးဆွဲခုတ်မောင်းဖို့၊ လမ်းညွှန်ဖို့၊ တည်ငြိမ်ဖို့၊ ထောက်ပံ့ဖို့ ရထားသံလမ်း တခုတည်းကိုပဲ သုံးထားတာပါ။ ဒီရထားလိုင်းစနစ်မှာ မျက်နှာကို မှတ်သားထားတဲ့ ဉာဏ်ရည်အတု နည်းပညာကိုလည်း ကျယ်ကျယ်ပြန့်ပြန့်သုံးထားပြီး ရထားလိုင်းစနစ်ကို ၂၀၁၈ ခုနှစ် နှစ်ဝက်လောက်မှာ စတင်ခုတ်မောင်းမယ်လို့ စီဂျီတီအန်သတင်းမှာ ဇန်နဝါရီ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up