စတင်

December 4, 2017

တောင်ကိုရီးယားနှင့်အမေရိကန် အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီး စတင်

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ အကြီးဆုံး လေကြောင်းဆိုင်ရာ ပူးတွဲစစ်ရေး လေ့ကျင့်မှုကို စတင်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားက အဆင့်အမြင့်ဆုံး ဒုံးကျည်ပစ်လွှတ်မှု ပြုလုပ်ပြီး တစ်ပတ်အကြာမှာ တောင်ကိုရီးယားက အခုလို အကြီးဆုံးလေကြောင်းဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Vigilant Ace လို့ အမည်ရတဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ F-22 ရတ်ပ်တာ ကိုယ်ပျောက်တိုက်ခိုက်ရေး လေယာဉ် ၆ စင်းအပါအ၀င် လေယာဉ်ပေါင်း ၂၃၀ ကျော် ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up