စည်းလုံးမှု

March 15, 2020

ရလဒ်ကောင်းနေတာ မန်ယူကစားသမားအားလုံး စည်းလုံးမှုကြောင့်ဟု ဖာနန်ဒက်စ် ပြော

အသင်းရလဒ် ကောင်းမွန်နေတာဟာ ကစားသမားအားလုံးရဲ့ စည်းလုံးညီညွတ်မှုကြောင့်သာ ဖြစ်တယ်လို့ မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ပြောပါတယ်။ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကမှ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် မန်ယူအသင်းမှာ ခြေစွမ်းပြ ကစားနေတာပါ။ ဖာနန်ဒက်စ် ပါဝင်ကစားခဲ့တဲ့  ၉ ပွဲမှာ ရှုံးပွဲမရှိ ရလဒ်ရရှိနေပြီး ၃ ဂိုးသွင်း၊ ၃ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။  ကစားသမားတယောက်က အသင်းကို ပြောင်းလဲပေးလို့မရဘဲ အသင်းသား အားလုံး စည်းလုံးညီညွတ်မှုရှိရှိနဲ့ ကစားခဲ့ကြလို့သာ ရလဒ်ကောင်းတွေ ရခဲ့တာဖြစ်တယ်လို့ ဖာနန်ဒက်စ်က ပြောပါတယ်။ မန်ယူအသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူချင်ပြီး အကောင်းဆုံး ကစားသမားတဦး ဖြစ်ချင်တယ်လို့လည်း ဖာနန်ဒက်စ်က ပြောပါတယ်။
2 years Ago

December 26, 2019

သဟဇာတဖြစ်မှုနှင့် စည်းလုံးမှုတန်ဖိုးအလေးထားရန် ဗြိတိန်ဘုရင်မကြီး ခရစ္စမတ်နေ့တွင် ပြော

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ရဲ့ ခရစ္စမတ်နေ့ သတင်းစကား ရုပ်သံလွှင့် ပြောကြားရာမှာ  သဟဇာတဖြစ်မှုနဲ့ စည်းလုံးမှုတန်ဖိုးကို အလေးထားပြောကြားသွားပါတယ်။ ၂၀၁၉ ဟာ တော်ဝင်မိသားစုအတွက်ရော ဘရဲဆစ်အတွက် ရုန်းကန်ရတဲ့ ဗြိတိန်အတွက်ပါ ကြမ်းတမ်းတဲ့ နှစ်တနှစ်လို့ အဲလိဇဘက်ဘုရင်မကြီးက ပြောပါတယ်။    ဘုရင်မကြီးရဲ့ ကြင်ရာတော် အသက် ၉၈ နှစ်အရွယ် အီဒင်ဘာ့ဂ်မြို့စားကြီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ကားမတော်တဆမှုဖြစ်ခဲ့သလို ခရစ္စမတ်ကာလမှာလည်း ဆေးရုံတက်ခဲ့ရပါတယ်။  မြေးနှစ်ဦးဖြစ်တဲ့ ဝီလျံနဲ့ ဟယ်ရီတို့အကြား သဘောထားကွဲလွဲတာတွေ ဖြစ်ခဲ့ပြီး ဒါက လည်း ဘုရင်မကြီးအဖို့ နောက်ထပ် ဆိုးရွားတဲ့နှစ်တနှစ် ဖြစ်ခဲ့ပါတယ်။ အီးယူကနေ ဗြိတိန် နုတ်ထွက်ရေး ဆုံးဖြတ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၃ နှစ်ခွဲကစလို့ ဗြိတိန်မှာ ဒေသတွင်းနဲ့ နိုင်ငံရေးဆိုင်ရာ အကွဲအပြဲတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။  ဒါကြောင့် “ယုံကြည်မှု၊ မျှော်လင့်ချက်တို့နဲ့ လှမ်းတဲ့ ခြေလှမ်းငယ်တွေဟာ ကာလရှည် မတူညီမှုတွေနဲ့ အမြစ်တွယ်နေတဲ့ ကွဲပြားမှုတွေကို ကျော်လွှားနိုင်ပြီး သဟဇာတဖြစ်မှုနဲ့ နားလည်မှုကို ဆောင်ကြဉ်းပေးနိုင်ပါတယ်” လို့ စည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်လို့ အသက် ၉၃ နှစ်အရွယ် ဘုရင်မကြီးက ခရစ္စမတ်သတင်းစကားပါးခဲ့ပါတယ်။
2 years Ago
Up