စည်းလုံးချိန်တန်

November 8, 2020

အမေရိကန်အတွက် စည်းလုံးချိန်တန်ပြီဟု ဂျိုးဘိုင်ဒင်ပြော

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ရွေးကောက်ခံ သမ္မတ  ဂျိုးဘိုင်ဒင်က အမေရိကန်အတွက် စည်းလုံးဖို့ အချိန်ကျပြီလို့  နိုဝင်ဘာလ ၇ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ခံသမ္မတ ဘိုင်ဒင်က ရွေးကောက်ပွဲပြီးသွားတာနဲ့အတူ  အမေရိကဟာ မတူညီမှုတွေကို ကုစားပြီး စည်းလုံးရမယ့် အချိန်ကျပြီလို့ ပြောကြားလိုက်ပါတယ်။ မကြုံစဖူး အခက်အခဲတွေကြုံတွေ့နေရချိန်မှာ စံချိန်တင် မဲပေးသူအရေအတွက် မျာပြားတာက အမေရိကန်နှလုံးသားမှာ ဒီမိုကရေစီ နက်နက်ရှိုင်းရှိုင်း စည်းချက်မြည်နေတာကို ပြသတယ်လို့ သူက ဆိုပါတယ်။   ဘိုင်ဒင်ဟာအဓိက အကြိတ်အနယ်ဖြစ်တဲ့ ပင်ဆာဗေးနီးယားပြည်နယ်မှာ အနိုင်ရပြီးနောက် သမ္မတဖြစ်ဖို့ လိုအပ်တဲ့  ကိုယ်စားလှယ်မဲအရေအတွက် ၂၇၀ ကို ကျော်လွန်ရရှိသွားပြီလို့ ကမ္ဘာ့မီဒီယာ အသီးသီးက မဲရလဒ်တွေ ကြေညာခဲ့တာပါ။  ထရမ့်ကတော့ ရွေးကောက်ပွဲ ရှုံးနိမ့်တာကို ဝန်ခံမှာ မဟုတ်ဘူးလို့ သူရဲ့  မဲဆွယ်ပွဲ အဖွဲ့က ပြောဆိုထားပါတယ်။  ဒီရလဒ်ကြောင့်  ထရမ့်ဟာ ၁၉၉၀ နောက်ပိုင်း သက်တမ်း တစ်ကြိမ်သာ  ထမ်းဆောင်ရတဲ့ သမ္မတ ဖြစ်လာပါတယ်။ ဂျိုးဘိုင်ဒင်ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ၄၆  ယောက်မြောက် သမ္မတ ဖြစ်လာမယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။ 
1 year Ago
Up