စည်းမျဉ်းအချို့ ဖြေလျှော့

A d v e r t i s e m e n t With Us

June 17, 2020

ကိုလံဘီယာတွင် Lockdown စည်းမျဉ်းအချို့ ဖြေလျှော့

ကိုလံဘီယာနိုင်ငံမြို့တော် ဘိုဂိုတာမှာ ဇွန် ၁၆ ရက်နေ့ကစလို့ Lockdown  စည်းမျဉ်းတချို့ကို  ဖြေလျှော့ပေးလိုက်ပြီဖြစ်ပေမယ့် ဇွန် ၁၄ ရက်အထိ နိုင်ငံတွင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ ၅၀,၀၀၀ ထိ ရှိထားပါတယ်။ ဒါ့ကြောင့် မြို့တော်နေ ပြည်သူတွေနဲ့ အာဏာပိုင်တွေကြားမှာ ကိုဗစ်-၁၉ ကူးစက်မှုလှိုင်းသစ် ထပ်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ ကူးစက်မှုလှိုင်းသစ် ဖြစ်လာမှာကို ရှောင်ကြဉ်တဲ့အနေနဲ့ ဘိုဂိုတာမြို့တော်ဝန်က မြို့သူမြို့သားတွေကို သူတို့ရဲ့မှတ်ပုံတင်နံပါတ်နဲ့အညီ သတ်မှတ်ချက်အသစ်တွေ ထုတ်ပြန်ထားပါတယ်။ ဘိုဂိုတာမှာရှိတဲ့ ကိုဗစ်အထူးကြပ်မတ်ကုသဆောင်တွေမှာလည်း လပေါင်းများစွာ လူနာဦးရေ တိုးခဲ့ရာက ပြီးခဲ့တဲ့ အပတ်မှာတော့ ၅၀ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။  ကိုလံဘီယာဟာ တနိုင်ငံလုံး Lockdown ချထားတာကို မတ်လကုန်ပိုင်းမှာ စတင်ပြုလုပ်ခဲ့ပြီး ဇူလိုင် ၁ ရက်နေ့မှာ ကန့်သတ်ချက်တွေ ပြန်ဖွင့်ပေးဖို့ မျှော်လင့်ထားတယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။
8 months Ago
Up