စည်းမျဉ်း

A d v e r t i s e m e n t With Us

January 10, 2021

အာဏာရပါတီ၏စည်းမျဉ်းများ ပြန်သုံးသပ်ဟု မြောက်ကိုရီးယားပြော

မြောက်ကိုရီးယား လက်ရှိ အာဏာရလုပ်သားပါတီရဲ့ ၈ ကြိမ်မြောက် ကွန်ဂရက်မှာ ပါတီ စည်းမျဉ်းတွေကို သုံးသပ်ခဲ့တယ်လို့ အစိုးရမီဒီယာ KRT က ဇန်နဝါရီ ၁၀ ရက်မှာ ထုတ်လွှင့်ပါတယ်။ ပါတီကွန်ဂရက်စ်ကို ငါးနှစ်တကြိမ် ကျင်းပဖို့ ဆုံးဖြတ်ရေးကိုလည်း ပြန်သုံးသပ်ခဲ့တယ်လို့ ဆိုပါတယ်။  အမေရိကန်ရဲ့ စီးပွားရေး ဒဏ်ခတ်မှု သက်သာရေးအတွက် မြောက်ကိုရီးယား နျူကလီးယား နဲ့ ဒုံးကျည် အစီအစဉ်တွေကို ဖြုတ်သိမ်းရေး ရည်မှန်းထားတဲ့ ဆွေးနွေးပွဲတွေ ကာလကြာရှည် သောင်မတင် ရေမကျ ဖြစ်နေချိန်မှာ ကွန်ဂရက်စ်ကို ကျင်းပနေတာပါ။  ၂၀၁၆ မှာ နောက်ဆုံး ကျင်းပခဲ့ပြီးတဲ့နောက် ပါတီရဲ့ လုပ်ငန်းစဉ်တွေကို ပြန်လှန်သုံးသပ်ဖို့နဲ့ စီမံချက် အသေးစိတ်တွေကို အနှစ်ချုပ်ဖို့ ကွန်ဂရက်စ်က ရည်မှန်းထားပါတယ်။
2 months Ago

October 1, 2020

အမေရိကန်စကားစစ်ထိုးပွဲ စည်းမျဉ်း ပြောင်းမည်

လက်ကျန်စကား စစ်ထိုးပွဲ နှစ်ခုကို ပိုပြိး စနစ်တကျရှိစေဖို့  စည်းမျဉ်းပိုင်း အပြောင်းအလဲလုပ်မယ်လို့ အမေရိကန်သမ္မတလောင်း စကားစစ်ထိုးပွဲ ကြီးကြပ်ရေးကော်မရှင်က အောက်တိုဘာ ၁ ရက်မှာ ပြောပါတယ်။  စက်တင်ဘာ ၃၀ ရက်ကလုပ်တဲ့ သမ္မတလောင်း ထရမ့်နဲ့ သမ္မတ လောင်း ဂျိုးဘိုင်ဒန်တို့ ကြား ပထမအကြိမ် စကားစစ်ထိုးပွဲကနေ စကားများ၊ ငြင်းခုန်စော်ကားတဲ့ ကတောက်ကဆ အဖြစ်မျိုးဖြစ်ခဲ့ပြီးနောက်မှာ  အခုလို ကြေညာချက် ထွက်လာခဲ့တာပါ။  ပထမအကြိမ် စကားစစ်ထိုးပွဲရဲ့ နည်းဗျူဟာကို အမေရိကန်နဲ့ ကမ္ဘာတဝှမ်း ပြည်သူတွေက ပြစ်တင်ဝေဖန်ခဲ့ကြတာပါ။  စကားစစ်ထိုးပွဲမှာ ဒိုင်က သမ္မတလောင်း တဦးဆီကို မေးခွန်းဖြေဖို့ အချိန် ၂ မိနစ် ပေးပြီး နောက်မှာမှ အချင်းချင်း တုံ့ပြန်ပြောဆိုခွင့်ပြုတာပါ။  ဒါပေမဲ့ ထရမ့်ဟာ ပြိုင်ဘက် ဘိုင်ဒင်ကို အမြဲတစေ စကားဖြတ်ပြောခဲ့ပြီး နှစ်ယောက်ကြားမှာ အပြန်အလှန် ပြစ်တင် ပြောဆိုတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။  ဒီအတွက် ကော်မရှင်စည်းမျဉ်းတခုက ကြားဖြတ်ပြောတဲ့အခါမျိုးမှာ မိုက်ခရိုဖုန်း ပိတ်ပစ်တာမျိုး ဖြစ်နိုင်တယ်လို့ အမေရိကန်မီဒီယာက ဆိုပါတယ်။   အမေရိကန်သမ္မတလောင်း စကားစစ်ထိုးပွဲကျင်းပရေးကော်မရှင် (CPD) ဟာ ဘက်မလိုက် အဖွဲ့တခုဖြစ်ပြီး ၁၉၈၈ ခုနှစ်ကစလို့  သမ္မတလောင်း စကားစစ်ထိုးပွဲတွေကို စီစဉ်လာခဲ့တယ်လို့ ဘီဘီစီသတင်းအရ သိရပါတယ်။
5 months Ago
Up