စည်းကမ်းမလိုက်နာသူ

A d v e r t i s e m e n t With Us

August 8, 2020

ဗင်နီဇွဲလားတွင် ကိုရိုနာထိန်းချုပ်ရေး စည်းကမ်းမလိုက်နာသူများကို နေပူထဲ ထိုင်ခိုင်း

ဗင်နီဇွဲလားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး စည်းကမ်း မလိုက်နာသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လေ့ကျင့်ခန်းလုပ်ခိုင်းတာ၊ နေပူထဲမှာ ထိုင်ခိုင်းတာနဲ့  ရိုက်နှက်တာတွေ လုပ်နေတယ်လို့  မျက်မြင်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုပါတယ်။   သြဂုတ် ၆ ရက်က  ရောဘတ်တိုဗားဂတ်စ်ဟာ ဂျုံမှုန့်သွားဝယ်ရင်း ချွေးသုတ်ဖို့ နှာခေါင်းစည်းကို အောက်ချခဲ့ပါတယ်။  အဲဒါကို လုံခြုံရေး တစ်ယောက်ကတွေ့ပြီး သူ့ကို နေပူထဲမှာ တခြားသူတွေနဲ့အတူ မိနစ် ၅၀ လောက် ထိုင်ခိုင်းတယ်လို့ ဗားဂတ်စ်က ပြန်ပြောပြခဲ့ပါတယ်။  အာဏာပိုင်တွေဟာ ကောင်းကောင်း တန်းမစီတာမျိုးကနေ  ညမထွက်ရအမိန့် မလိုက်နာတာအထိ စည်းကမ်းချိုးဖောက်မှုတွေကို အဲဒီလို အပြစ်ပေးလေ့ရှိတယ်လို့ ဒေသ လူ့အခွင့်အရေး အုပ်စုတွေက ပြောဆိုပါတယ်။  တက်ချီရာ ပြည်နယ်အနောက်ပိုင်းမှာ စစ်သား တစ်ယောက်က လူငယ်  သုံးယောက်ကို ဒိုက်ထိုးခိုင်းပြိး နှုတ်ကလည်း “ကျနော် လမ်းပေါ် မထွက်သင့်ပါဘူး” လို့ ပြောရတဲ့  ဗွီဒီယိုတွေဟာ   ဆိုရှယ်မီဒီပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။  အဲဒီ ဗွီဒီယိုတွေနဲ့ ပတ်သက်လို့ ဗင်နီဇွဲလား နိုင်ငံခြားရေးဌာနက  မှတ်ချက်ပြု ဖြေကြားတာ မရှိသလို ရိုက်တာအနေနဲ့လည်း ဗွီဒီယိုတွေကို အတည်မပြုနိုင်သေးပါဘူး။   ဗင်နီဇွဲလားအစိုးရဟာ နိုင်ငံရဲ့ ယိုယွင်းတဲ့ ကျန်းမာရေးစနစ်အပေါ် ဝန်မပိစေဖို့  ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူအရေအတွက် တိုးမလာအောင် ကြိုးစားနေပါတယ်။   ဗင်နီဇွဲလားနိုင်ငံမှာ လက်ရှိ ပိုးကူးစက်သူ  ၂၃,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၀၂ ဦး ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
7 months Ago

April 22, 2020

ရေးမြို့နယ် ကော့ဒွတ်ရွာ Quarantine စခန်းတွင် စည်းကမ်းမလိုက်နာသူကို ထောင် ၃ လချ

မွန်ပြည်နယ် ရေးမြို့နယ် ကော့ဒွတ်ကျေးရွာ အ.ထ.က ရှိ quarantine စခန်းမှာ စည်းကမ်းအတိုင်း လိုက်နာခြင်းမရှိလို့ဆိုပြီး  အသက် ၃၂ နှစ်အရွယ် မျိုးနိုင်ဦးကို  အလုပ်နဲ့ ထောင်ဒဏ် ၃ လ ကျခံဖို့  မြို့နယ် တရားရုံးမှာ အမိန့်ချလိုက်ပါတယ်။ ဧပြီ ၁၈ ရက် ညနေ ၆ နာရီလောက်က စခန်းမှာ နေထိုင်စဉ်က မျိုးနိုင်ဦးဟာ ကျောင်းပိုင်ပစ္စည်း ပလပ်စတစ်ထိုင်ခုံတွေ ရိုက်ချိုးဖျက်ဆီးတာ၊ သစ်သားခုံတန်းရှည်တွေကို ဖျက်ဆီးတာနဲ့ ဆူပူသောင်းကျန်းဆဲဆိုတာတွေ လုပ်ခဲ့တဲ့အပြင် တာဝန်ရှိသူတွေကိုပါ စိတ်အနှောင့်ယှက်ဖြစ်စေတဲ့ အပြုအမူတွေ ပြုလုပ်လာခဲ့လို့ ကျန်းမာရေးဆရာမ ဒေါ်ရည်ရည်မွန်က ရေးမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တဲ့အတွက် မြို့နယ်တရားရုံးက စစ်ဆေးပြီး အမိန့်ချခဲ့တာပါ။  မျိုးနိုင်ဦးဟာ  ဧပြီ ၇ ရက်က  ထိုင်းကနေ မြန်မာနိုင်ငံကို ပြန်ဝင်ရောက်လာပြီး ရပ်ရွာအခြေပြု အသွားအလာ ကန့်သတ်စောင့်ကြည့်ထားတဲ့ quarantine စခန်းမှာ ထားရှိစဉ် အခုလို ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။  မြို့နယ်တရားရုံးက  ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ-၁၈ အရ တရားစီရင်ချက်ချမှတ်ပြီး မော်လမြိုင်မြို့ အကျဉ်းထောင်သို့ ပို့ဆောင်သွားမည်လို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။ နေမျိုးထွဋ်
10 months Ago
Up