စည်းကမ်းချိုးဖောက်

April 2, 2020

စည်းကမ်းချိုးဖောက်သူများကို အသေပစ်သတ်ရန် အမိန့်ပေးထားဟု ဖိလစ်ပိုင်သမ္မတပြော

ကိုရိုနာဗိုင်းရပ်စ်ကြောင့်  ပြုလုပ်ထားတဲ့ lock down စည်းကမ်းချိုးဖောက်သူတွေကို  အသေ ပစ်သတ်ပစ်မယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဧပြီ ၁ ရက်နေ့မှာ  သတိပေးလိုက်ပါတယ်။      အာဏာပိုင်တွေက ဗိုင်းရပ်စ်ကူးစက်ခံရမှု နှေးကွေးအောင်နဲ့ နိုင်ငံရဲ့အားနည်းတဲ့ ကျန်းမာရေး  စနစ်အပေါ် ဖိအားမဖြစ်အောင် ကြိုးပမ်းနေချိန်မှာ လူတိုင်းလူတိုင်း အိမ်မှာ နေထိုင်ရေး အစီအမံတွေကို လိုက်နာဖို့က အသက်တမျှ အရေးကြီးတယ်လို့ သမ္မတ  ဒူတာတေးက ရုပ်မြင်သံကြားကနေ ပြောခဲ့ပါတယ်။   “ပြဿနာတွေ ဖြစ်လာမယ်၊ အကြမ်းဖက်တာတွေ ဖြစ်ပြီး  အသက်အန္တရာယ်တွေ ရှိလာမယ့် အခြေအနေဖြစ်ရင် ဖိလစ်ပိုင်ရဲတပ်ဖွဲ့နဲ့ စစ်တပ်၊ ကျေးရွာ တာဝန်ရှိသူတွေကို  ပစ်မိန့်ပေးထားတယ်” လို့ ဒူတာတေးက ပြောခဲ့ပါတယ်။  ဧပြီ ၁ ရက်က အစိုးရ  ရိက္ခာဝေငှတာနဲ့ပတ်သက်လို့ မြို့တော် မနီလာ ဆင်းရဲသားရပ်ကွက်မှာ နှောင့်ယှက်တာတွေနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးတဲ့ သတင်းတွေ ထွက်ပြီးနောက်မှာ   သမ္မတ ဒူတာတေးက အဲဒီလို ပြောလိုက်တာပါ။   နောက်ပြီး ဆေးဘက် အသိုင်းအဝိုင်းမှာ  လူမှုရေး ခွဲခြားဆက်ဆံတာနဲ့ ရုပ်ပိုင်း နှိပ်စက်  ခွဲခြားဆက်ဆံခံရတဲ့ ဆေးရုံလုပ်သား အဖြစ်အပျက်တွေ ပတ်သက်ပြီး ခံပြင်း ဒေါသတွေ  ပေါ်ပေါက်ခဲ့ပြီး အဲဒါမျိုးတွေ မရှိအောင် တားဆီးသွားမယ်လို့ သမ္မတ ဒူတာတေးက ပြောခဲ့ပါတယ်။   ဖိလစ်ပိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂,၃၁၁ ယောက် ရှိပြီး သေဆုံးသူ ၉၆ ယောက်ရှိတယ်လို့  ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up