စည်ပင်သာယာစျေးများ

May 26, 2020

ရှမ်းပြည်နယ်တွင် စားသောက်ဆိုင်နှင့် စည်ပင်သာယာစျေးများ ဇွန်လ ၁ ရက်ပြန်ဖွင့်မည်

ရှမ်းပြည်နယ်အတွင်း စားသောက်ဆိုင်နဲ့ စည်ပင်သာယာစျေးတွေကို ကျန်းမာရေးဝန်ကြီးဌာန က ညွန်ကြားထားတဲ့ စည်းကမ်းချက်နဲ့အညီ ဇွန်လ ၁ ရက် စတင် ပြန်လည် ဖွင့်လှစ်ခွင့်ပြုသွားတော့မှာ ဖြစ်ပါတယ်။ စားသောက်ဆိုင်၊ စည်ပင်သာယာစျေး၊ ဟိုတယ်၊ ယာဉ်လိုင်းစတာတွေဖွင့်လှစ်နိုင်ဖို့ မေလ ၂၆ ရက်နေ့က ရှမ်းပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်လိုက်တာပါ။  ရှမ်းပြည်နယ်အတွင်းမှာ စည်ပင်သာယာစျေးတွေကို ရောင်းချသူ တဝက်နှုန်းနဲ့ ဖွင့်ခွင့်ပြုသွားမှာဖြစ်သလို စားသောက်ဆိုင်တွေမှာလည်း ကျန်းမာရေး သတ်မှတ်ချက်နဲ့အညီ ဆိုင်ထိုင်စားသောက်ခြင်းကို ခွင့်ပြုပေးတော့မယ်လို့  ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောပါတယ်။ သတ်မှတ် စည်းကမ်းတွေကို မလိုက်နာပါက ပထမ သတိပေးမှာဖြစ်ပြီး ဒုတိအကြိမ်မှာ ဒဏ်ရိုက်မယ် နောက်ဆုံး အကြိမ်မှာတော့ ဆိုင်လုံးဝပိတ်သိမ်းတဲ့ အထိအရေးယူသွားမယ်လို့လည်း ပြောပါတယ်။ ဒီနေ့အစည်းအဝေးမှာ စည်ပင်သာယာစျေးတွေ စားသောက်ဆိုင် လက်ဖက်ရည် ဆိုင်တွေပြန်ဖွင့်ဖို့၊ ပျံကျစျေးတွေက ပုံမှန်အတိုင်းထားဖို့၊ ညစျေးကို ဆိုင်ထိုင်စားသောက်ခွင့်မပြုပဲ delivery စနစ်နဲ့ဖွင့်ဖို့ ၊ KTV နဲ့ NightClub တွေဖွင့်ခွင့်မပေးသေးပဲ ဆက်လက်ပိတ်ထားဖို့ စတာတွေ ဆုံးဖြတ်ထားပါတယ်။ ဒီဆုံးဖြတ်ချက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးမှာ တင်ပြပြီးအတည်ပြုကာ ညွှန်ကြားချက်တွေထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ သတင်း- ခွန်ရာဇာ
11 months Ago
Up