စည်ပင်

May 8, 2021

ပုသိမ်မြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင်များအာ ပိတ်သိမ်းရန် စည်ပင်ညွှန်ကြား

ပုသိမ်မြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင်တွေကို ပိတ်သိမ်းထားရန် ပုသိမ်စည်ပင်သာယာရေး အဖွဲ့က မေ ၈ ရက်မှာ အကြောင်းကြားစာပို့လာတယ်လို့ သိရပါတယ်။

“ဆိုင်ပိတ်ဖို့ စည်ပင်က လာပို့တယ်။ ဘာကြောင့်ပိတ်မှန်းမသိဘူး။ ပြီးခဲ့တဲ့ညက ဧရာဝတီတိုင်းထဲ ဆိုင်ကယ်အရောင်းဆိုင်တွေကို ဝင်စစ်တာတွေ လုပ်တယ်။ ဘာကြောင့်လုပ်တာ မသိဘူး။ အခုလို အချိန်က အရောင်းအဝယ်မရှိ ပိတ်ရတော့ အခက်အခဲတော့ ရှိတာပေါ့” လို့ ပုသိမ်မြို့ ဆိုင်ကယ်အရောင်းအဝယ်ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

စည်ပင်သာယာအဖွဲ့က ပို့တဲ့စာမှာ လူကြီးမင်းရဲ့ ဆိုင်ကယ်အရောင်းဆိုင်ကို စာရတဲ့အချိန်က စပြီး ပိတ်သိမ်းဖို့ ညွှန်ကြားကြောင်း အသိပေးထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုက မေ ၇ ရက် ညပိုင်းက မြန်မာနိုင်ငံရှိ ဆိုင်ကယ်အ‌ရောင်းဆိုင်တွေကို ဝင်ရောက်ရှာဖွေ စစ်ဆေးကာ ဆိုင်ကယ်တွေ ယူဆောင်သွားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

2 weeks Ago

ပုသိမ်ကြီးမြို့နယ် မြို့တော်ပန်းဈေး ပန်းသည်များကို ဆိုင်ခွန်ပေးရန် စည်ပင်က ခြိမ်းခြောက်

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ သန့်စင်ကုန်းကျေးရွာမှာရှိတဲ့ မြို့တော်ပန်းဈေးက ပန်းရောင်းချသူတွေအား လစဉ်ပေးသွင်းရမယ့် ဆိုင်ခွန်လခတွေပေးဖို့ မေ ၇ ရက်မှာ စည်ပင်ဝန်ထမ်းတွေ နှစ်ဦးက စစ်သားတွေခေါ်လာပြီး ခြိမ်းခြောက်တောင်းဆိုနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ဆိုင်ခွန်လခတွေ မပေးသွင်းဖြစ်ကြတော့ပဲ  ဧပြီ ၂၉ ရက်ကစပြီး စည်ပင်ဝန်ထမ်းတွေက သေနတ်ကိုင် စစ်သား ဆယ်ဦးလောက်ကို ခေါ်လာကာ ဆိုင်ခွန်လခတွေ ပြန်လည်ပေးသွင်းကြဖို့ လာရောက် ခြိမ်းခြောက်ကောက်ခံခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၉ ရက်မှာ လာရောက်စဉ်ကတည်းက မပေးသွင်းရသေးတဲ့ ဆိုင်ခန်းခ ၄ လစာကို ရက်ပိုင်းအတွင်း နှစ်ကြိမ်ခွဲကာ အပြီးအပြတ် ပေးသွင်းကြဖို့ စည်ပင်ဝန်ထမ်းတွေက ခြိမ်းခြောက်တောင်းခံခဲ့တယ်လို့ သိရပါတယ်။

လတ်တလောအထိ မပေးသွင်းရသေးတဲ့ ဆိုင်ခွန်လခတွေကို မေ ၁၄ ရက် နောက်ဆုံးထား ပေးသွင်းကြဖို့ နဲ့ သတ်မှတ်ရက်ထက် ကျော်လွန်ပါက သတ်မှတ်စည်းမျဉ်း စည်းကမ်း ဥပဒေတွေနဲ့ အညီ အရေးယူမယ်လို့ သိရပါတယ်။

အဆိုပါ ပန်းဈေးမှာ ဆိုင်ခန်းပေါင်း ၁၂၀ ရှိပြီး ဆိုင်ခန်း ၈၀ ခန့် ရောင်းချနေကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ CJ

2 weeks Ago

November 23, 2020

ရန်ကုန်စည်ပင်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၁ ဦးရှိလာ

ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီအတွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အတည်ပြုလူနာ ၉၁ ဦးရှိပြီး Quarantine ၀င်​ရောက်​နေသူ ၁၆၅ ဦးရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာ​ရေး​ကော်မတီ ဒုတိယမြို့​တော်၀န်ဦးစိုးလွင်က ​ပြောပါတယ်။  ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီမှာ ၀န်ထမ်းအ​ရေအတွက် ၁၈,၀၀၀ နီးပါးရှိပြီး အရာရှိ၀န်ထမ်းက ၈၀၀ နီးပါး ရှိပါတယ်။  လက်ရှိ ရုံးလုပ်ငန်း​တွေကို​တော့ ကျန်းမာ​ရေး၀န်ကြီးဌာနရဲ့ လမ်းညွှန်ချက်​တွေနဲ့အညီ လိုက်နာပြီး လုပ်ကိုင်ဆောင်ရွက်​နေတယ်လို့ ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီ ဒုတိယမြို့​တော်၀န်ဦးစိုးလွင်က ဆိုပါတယ်။  ကိုဗစ်ကာလအတွင်း ​ကျောက်တံတားမြို့နယ်က ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေးရှိတဲ့ ရန်ကုန်ကုန်မြို့​တော်ခန်းမ၊ ဘဏ်လမ်းထဲက အ​ဆောက်အအုံဌာနရှိတဲ့ ဆယ်ထပ်ရုံးနဲ့ ဗိုလ်တ​ထောင်မြို့နယ်မှာရှိတဲ့ ၁၂ ထပ်ခွဲရုံး​တွေကို အပြင်လူလုံး၀မ၀င်ရဘူးလို့ ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီက ထုတ်ပြန်ထားပါတယ်။
6 months Ago
More News
Up