စဉ့်ကိုင်မြို့နယ်

February 28, 2022

စဉ့်ကိုင်မြို့နယ်တွင် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများဖြစ်

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ အိုးထိန်းတောင်ကျေးရွာအနီး၊ ရန်ကုန် - မန္တလေးကားလမ်းဘေးရှိ Denko စက်သုံးဆီဆိုင်မှာ ဖေဖော်ဝါရီလ ၂၇ ရက် ည ၇ နာရီဝန်းကျင်က ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဆီဆိုင်အတွင်း အမည်မသိ လူအုပ်က ဆိုင်ကယ်ဆီဖြည့်တဲ့ပုံစံ ရောက်လာပြီး သေနတ်နဲ့ ပစ်တာ၊ လက်လုပ်မိုင်းပစ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးဆုံးရှုံးတာ မရှိဘူးလို့ သိရပါတယ်။ 

“နည်းနည်းဝေးတော့ မနက်မှ သိရတာ။ Denko ဆီဆိုင်မှာ ဖြစ်သွားတာ။ မန်နေဂျာရုံးခန်းကို သေနတ်နဲ့ ပစ်သွားပြီး လက်လုပ်မိုင်းချပြေးသွားတယ်လို့တော့ သိရတယ်။ အထိအခိုက်မရှိတော့ သိပေးရုံလုပ်တာလား မသိဘူး” လို့ စဉ့်ကိုင်မြို့နယ်မှာ နေထိုင်သူက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက် မနက်ပိုင်းမှာတော့ မြစ်ငယ် ထုံးဘိုဂိတ်မှာ စဉ့်ကိုင် ဘက်မှလာတဲ့ ယာဉ်တွေကို စစ်ကောင်စီတပ်သား အင်အားအလုံးအရင်းနဲ့ စစ်ဆေးနေပါတယ်။

1 year Ago

December 24, 2021

စဉ့်ကိုင်မြို့နယ် မီးရထားသံလမ်းပေါ် ဗုံးပေါက်ကွဲမှုကြောင့် ရထားတွဲချော်မှုဖြစ်

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာအနီး ရန်ကုန်-မန္တလေး မီးရထားသံလမ်းမှာ ဒီဇင်ဘာ ၂၄ ရက် မနက် ၉ နာရီလောက်က ဗုံးပေါက်ကွဲကာ ရထားတွဲချော်မှု ဖြစ်ခဲ့ပါတယ်။

တွဲချော်တဲ့ ရထားဟာ ရန်ကုန်ကနေ မန္တလေးဘက်ကို မောင်းလာတဲ့ အမှတ် (၁) စာပို့ အဆန်ရထားဖြစ်ပြီး ရထားပေါ်မှာ ခရီသည်တချို့လည်း လိုက်ပါလာတယ်လို့ သိရပါတယ်။

“မနက်က ရထားသံလမ်း ဗုံးပေါက်တာက ဘယ်လင်း ဘူတာနဲ့တော့ နီးတယ်ပြောလို့ရတယ်။ ရထားလာနေတဲ့အချိန်မှာ ကွဲတာဆိုတော့ သံလမ်းပျက်ပြီး ဘီးချော်သွားတယ်” လို့ စဉ့်ကိုင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် မိုင်တိုင်အမှတ် ၃၆၃/၂ နဲ့ ၃၆၃/၃ ကား ရထားသံလမ်း ပျက်စီးသွားပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။

1 year Ago
More News
Up