စစ်​တပ်၏ပစ်ခတ်မှု​

September 27, 2021

နဘူး​တော​ကျေးရွာတွင် စစ်​တပ်၏ပစ်ခတ်မှု​ကြောင့် ​​ပြည်သူ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ နဘူး​တော​ကျေးရွာမှာ စက်တင်ဘာ ၂၆ ရက် ညပိုင်းက စစ်​ကောင်စီတပ်ရဲ့ ပစ်ခတ်မှု​ကြောင့် ​ဒေသခံပြည်သူ ၅ ဦး​ သေဆုံးခဲ့ပြီး ၇ ဦးလောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၆ ည ၇ နာရီ​ကျော်​လောက်က ကျေးရွာဘက်ကို ဒလန်တစ်ဦး​ခေါ်​ဆောင်လာတဲ့ စစ်​ကောင်စီတပ်အဖွဲ့ဟာ ​ကျေးရွာလုံခြုံ​ရေး ကင်း​စောင့်​နေတဲ့ လူငယ်အဖွဲ့နဲ့​တွေ့ပြီး PDF အဖွဲ့ကလို့ယူဆပြီး စတင်ပစ်ခတ်ရာက​နေ သေဆုံးဒဏ်ရာရရှိခဲ့ကြတာလို့ ​ဒေသခံတစ်ဦးက ​ပြောပါတယ်။

စစ်​ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှု​ကြောင့်  အသက် ၆၀ ကျော် အမျိုးသမီးကြီး ၁ ဦးအပါအဝင် ၅ ဦး လက်နက်ကြီးကျည်​ကြောင့် သေဆုံးခဲ့ရ​ပြီး ၇ ဦး ဒဏ်ရာရရှိကာ ​​ပျောက်ဆုံး​နေတဲ့သူ​တွေလည်း ရှိ​တယ်လို့ ဒေသခံတစ်ဦးက ​ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့​တွေဟာ လက်နက်ကြီးတွေနဲ့ အချိန်အ​တော်ကြာ​အောင်ထိ ပစ်ခတ်​နေတာကြောင့် အနီးနားက ကျေးရွာ​နေပြည်သူတွေလည်း ညတွင်းချင်း ထွက်​ပြေးကြရ ပါတယ်။

2 years Ago
Up