စစ်အုပ်စု၏သင်္ကြန်ပွဲ

April 7, 2021

စစ်အုပ်စု၏သင်္ကြန်ပွဲတွင် မပါဝင်ကြရန် ပုသိမ်လူငယ်များက လက်ကမ်းစာစောင်လိုက်ဝေနှိုးဆော်

ပုသိမ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီက စီစဉ်ကျင်းပမယ့် သင်္ကြန်ပွဲကို မပါဝင်ကြဖို့အတွက် လူငယ်တွေကဦးဆောင်ပြီး ဧပြီ ၇ ရက်နေ့က စျေးတွေမှာ လက်ကမ်းစာစောင်လိုက် ဝေခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ သင်္ကြန်ပွဲမှာ မပါဝင်ဖို့အတွက်  မေတ္တာရပ်ခံစာကို ဧပြီ ၆ ရက်နေ့ကလူမှုကွန်ရက်မှာတင်ခဲ့ပြီး  လူစည်ကားရာ စျေးတွေမှာ မနက်ပိုင်းက မြို့ခံလူငယ်တွေက လိုက်လံဖြန့်ဝေခဲ့တာပါ။

သင်္ကြန်ပွဲတော်မှာ မပါဖို့အတွက် မေတ္တာရပ်ခံတဲ့ လက်ကမ်းစာစောင်ကို ပုသိမ်မြို့ကစျေးတွေမှာ စောင်ရေ ၄၀၀ နဲ့ ပုသိမ်တဘက်ကမ်းရှိ ရပ်ကွက်တွေမှာ အစောင်ရေ ၂၀၀ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

မေတ္တာရပ်ခံထုတ်ပြန်ချက်မှာတော့ ဒီနှစ်ကျရောက်မယ့် နွေဦးသင်္ကြန်ကာလ ပြည်သူအများအပြား စိတ်ဒုက္ခရောက်ရှိခဲ့ပြီး စစ်အာဏာမတရား လုယူထားတဲ့ကာလဖြစ်လို့ နှစ်သစ်ကူး ရေမကစားကြဖို့  မေတ္တာရပ်ခံရေးသားထားတာတွေ့ရပါတယ်။

8 months Ago
Up