စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြ

June 2, 2021

တိုကျို မြန်မာသံရုံးရှေ့ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြ

နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူတွေ၊ ဖမ်းဆီးခံထားရသူတွေအတွက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ မြန်မာသံရုံး ရှေ့မှာ ဂျပန်ရောက်မြန်မာတွေ ဇွန်လ ၂ရက်ကနေ့က ဆန္ဒပြနေကြပါတယ်။

ပြည်ပရောက်နေကြပေမယ့် ပြည်တွင်းကမြန်မာတွေနဲ့ တသွေးတည်း တသားတည်း ရှိနေကြောင်းပြသဖို့ ဆန္ဒပြနေတာလို့ ဂျပန်ရောက်မြန်မာတွေကပြောပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေး၊ စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းပြီး ပြည်တွင်းကမြန်မာတွေနဲ့အတူ အဆုံးအထိတိုက်ပွဲဝင်မယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

ဂျပန်ရောက်မြန်မာတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူနဲ့မပူးပေါင်းဘဲ စစ်တပ်လက်အောက်ခံအဖြစ် ဆောင်ရွက်နေတဲ့ မြန်မာသံအမတ် ဦးစိုးဟန်ကိုလည်း အပြင်းအထန် ရှုတ်ချလိုက်ပြီး ပြည်သူနဲ့ပူးပေါင်းပြီး CDM ဝင်ဖို့လည်း တိုက်တွန်းနေကြပါတယ်။

Photo,News Thiha Phay Aung

8 months Ago
Up