စစ်အာဏာရှင်သက်ဆိုးမရှည်​စေရေး

February 18, 2021

စစ်အာဏာရှင်သက်ဆိုးမရှည်​စေရေး ပြည်သူ​များ အခွန်မ​ဆောင်ကြရန် တိုက်တွန်း

စစ်ကိုင်းတိုင်း​ ယင်းမာပင်မြို့မှာ​ ဖေ​ဖော်ဝါရီ ၁၈ ရက်​နေ့ကပြုလုပ်တဲ့ အာဏာသိမ်းစစ်​ကောင်စီဆန့်ကျင်ပွဲမှာ အာဏာရှင်အမြန်ပြုတ်ကျ​ဖို့အတွက် ပြည်သူ​တွေအ​နေနဲ့ အခွန်​တွေမ​ပေး​ဆောင်ဖို့နဲ့ ပြည်သူ့ဝန်ထမ်းတွေ CDM မှာ ထပ်မံပူး​ပေါင်း​ပေးကြဖို့ ဆန္ဒပြသူ​တွေက ​တောင်းဆိုလိုက်တာပါ။

ဒီက​နေ့ ယင်းမာပင်မြို့မှာ အာဏာသိမ်းစစ်အစိုးရဆန့်ကျင်ဆန္ဒထုတ်​ဖော်မှု  နှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။

မနက်ခင်းပြုလုပ်တဲ့ဆန္ဒပြပွဲမှာ အင်အား ​သောင်းချီပါဝင်ခဲ့သလို  ​​နေ့လည်ခင်းပိုင်းမှာလည်း ကျေးလက်​ဒေသက ပြည်သူ​တွေဟာ  ကားကြီး ကားငယ်တွေနဲ့ တက်လာကာ ​အင်အား ထောင်ချီပြီး ယင်းမာပင်မြို့​ပေါ်မှာရှိတဲ့ ရုံးတက်​နေတဲ့ဌာနဆိုင်ရာ​ရုံးတွေ​ရှေ့သွားပြီး “ရုံးမတက်နဲ့ရုန်းထွက်” ကြွေး​ကြော်သံနဲ့  ဆန္ဒထုတ်​ဖော်ခဲ့ကြပါတယ်။

2 years Ago
Up