စစ်အာဏာရှင်တော်လှန်ရေး

May 15, 2021

ဂျပန်ရောက် မြန်မာများ၏ စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှု

ဂျပန်ရောက် မြန်မာလူငယ်တွေဟာ မေ ၁၅ ရက်ဖြစ်တဲ့ ဂျပန်အစိုးရ ရုံးပိတ်ရက်မှာ ယိုကိုဟားမားရဲ့အထင်ကရ လူစည်ကားရာ ဆာကူရာဂိချောဘူတာရှေ့မှာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု လုပ်ခဲ့ကြပါတယ်။

ဒီကနေ့ လှုပ်ရှားမှုဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် သတ်ဖြတ်၊ နှိပ်စက်မှုတွေ ကို ဂျပန်ပြည်သူတွေ ပိုမိုသိရှိလာအောင် ဂျပန်ဘာသာနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ ပါတယ်။‌ ဒီလှုပ်ရှားမှုမှာ‌တော့ ဂျပန်ရောက် မြန်မာလူငယ်တွေဟာ မြန်မာနိုင်ငံအတွက် အလှူငွေ ကောက်ခံခဲ့ကြပြီး ရင်ထိုး‌တွေကို လက်ဆောင်အဖြစ် ပြန်လည် ပေးအပ်ခဲ့ပါတယ်။

7 months Ago
Up