စစ်အာဏာရှင်ဆန်ကျင့်ရေး

February 18, 2021

ပုသိမ်တွင် စစ်အာဏာဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြ

ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန်ကျင့်ရေး ဆန္ဒဖော်ထုတ်ပွဲအား ၁၂ မြောက်နေ့အဖြစ် ဒီနေ့ မြို့တွင်းချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဆန့်ကျင်ဆန္ဒဖော်ထုတ်ပွဲမှာ ပြည်သူတွေ၊ ဌာနဆိုင်ရာတွေ၊ ကျောင်းသားတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဧရာဝတီတိုင်း ဒေသကြီးတွင်းရှိ မြို့နယ်တွေမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်လက်ပြုလုပ်နေပါတယ်။ 

နေပြည်တော်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီး ကျဆုံးခဲ့တဲ့ ကျောင်းသူ မမြသွဲ့သွဲ့ခိုင်အတွက်လည်း ဆန္ဒပြသူတွေ ၂၂ စက္ကန့် ငြိမ်သက်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က လူစုလူဝေးမပြုလုပ်ဖို့ တားမြစ်ခဲ့ပေမယ့် ဆန္ဒပြသူတွေက ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

စည်သူမောင်မောင်

2 years Ago
Up