စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ

October 18, 2021

ရန်ကုန်အမျိုးသမီးသပိတ်စစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ

"တိုက်ရဲလား…. တိုက်ရဲတယ်။ သေရဲလား ... သေရဲတယ် " ကြွေးကြော်သံနဲ့  ရန်ကုန်အမျိုးသမီး သပိတ်စစ်ကြောင်းက လုံခြုံရေးတင်းကျပ်နေတဲ့ကြားက  ဒီကနေ့ အောက်တိုဘာ ၁၈ ရက် မနက်က စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် ဆန္ဒပြခဲ့ကြပါတယ်။

 Photo-CJ

2 months Ago

June 3, 2021

ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင် ပြောက်ကျားသပိတ်ပြုလုပ်ဆန္ဒပြ

ရန်ကုန်၊ မန္တလေး၊ မုံရွာ မြို့ကြီးတွေအားလုံး စုပေါင်းပြီး ‘တောင်တန်းပြည်မညီညွတ်ကြသည်’ လို့ အမည်ပေးထားတဲ့ သပိတ်စစ်ကြောင်းကို တတိယလှိုင်းတခုအနေနဲ့ ဇွန်လ ၃ ရက် မနက် ၈ နာရီကျော်လောက် ရန်ကုန်မှာ ပြောက်ကျား သပိတ်ပြုလုပ် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မှာ သပိတ်စစ်ကြောင်းတွေ အားနည်းသွားမှာစိုးလို့ လူငယ်တွေ ပြန်လည်အား ဖြစ်လာအောင် တတိယလှိုင်းတခုအနေနဲ့ ရန်ကုန်၊ မန္တလေး၊ မုံရွာမြို့ကြီးတွေအတူ သပိတ်စစ်ကြောင်းတခု ပြန်လည်ပြု လုပ်ခဲ့တာဖြစ်ပါတယ်။

“ပြည်သူတွေ ဘယ်တော့မှ သွေးမအေးဘူးဆိုတာလည်း သိစေချင်လို့ပါ” လို့ သပိတ်စစ်ကြောင်း ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းတာ ၄ လ ပြည့်ချိန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ တော့ မြို့နယ်အလိုက် သပိတ်တွေနဲ့ အာဏာရှင်ကို ဆက်လက်တွန်းလှန်နေကြတာ ဖြစ်ပါတယ်။

6 months Ago
Up