စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများ

March 4, 2021

ကယားပြည်နယ် လွိုင်ကော်မြို့ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပုံရိပ်

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီကနေ့ မတ်လ ၄ ရက့် မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကို နောင်ယားကန်ကနေ ဒေါဥခူရပ်ကွက်အတွင်း လှည့်လည်ခဲ့ကြပြီးသပိတ်စစ်ကြောင်း တစ်လျှာက်ရှိ  ဌာနဆိုင်ရာရုံးရှေ့တွေမှာ ဆန္ဒပြခဲ့ကြပါတယ်။ 

2 years Ago

ပုသိမ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများကို ရဲတပ်ဖွဲ့ ပစ်ခတ်ဖြိုခွင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၄ ရက်နေ့က စစ်အာဏာရှင် စနစ်ကျဆုံးရေး ချီတက်ဆန္ဒပြသူတွေကို အမှတ် ၆ ရပ်ကွက်အရောက်မှာ ရဲတပ်ဖွဲ့က သေနတ်တွေနဲ့ပစ်ခတ်ပြီး ဖြိုခွင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆန္ဒပြတဲ့ ဒေသခံပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့ပေမယ့် ဒီနေ့ မနက်ပိုင်းမှာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြသူတွေက စုပေါင်းပြီး ဆက်လက် ဆန္ဒပြနေတာလည်းဖြစ်ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က လမ်းပိတ်ဆို့တာတွေ ပြုလုပ်နေတဲ့အတွက် ဆန္ဒပြတဲ့လူတွေဟာ မြို့ပေါ်ရပ်ကွက်တွေ၊ လမ်းကြားတွေမှာ လှည့်လည်ဆန္ဒပြနေရပါတယ်။

ရဲတပ်ဖွဲ့က လူစုခွဲဖို့အတွက် ရဲကားတွေနဲ့ ရေအမြှောက်ကားတွေနဲ့ လိုက်လာတဲ့အတွက် ရပ်ကွက်နေပြည်သူတွေက လမ်းတွေကို အတားဆီးတွေနဲ့ ပိတ်ဆို့တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူတွေ တိမ်းရှောင် ထွက်ပြေးခဲ့ကြရပြီး သေဆုံး ဒဏ်ရာရမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

မင်းထက်မုန်း

2 years Ago
Up