စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု

May 10, 2021

နတ်မောက်မြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု

မကွေးတိုင်း နတ်မောက်မြို့နယ်မှာ မေလ ၁၀ ရက် မနက်ပိုင်းက ကျေးရွာ ၁၆ ရွာ စုပေါင်းပြီး စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်စစ်ကြောင်းချီတက်ဆန္ဒပြခဲ့ကြပါတယ်။

7 months Ago

March 16, 2021

မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ပြောက်ကျားစနစ်ဖြင့် ပြုလုပ်

မုံရွာမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီရဲ့ ပင်မသပိတ်စစ်ကြောင်းကို ပြောက်ကျားစနစ်နဲ့ မတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ 

ဒီပင်မသပိတ်စစ်ကြောင်းကို အရင်နေရာတွေမှာမဟုတ်ဘဲ တခြားနေရာတွေရွှေ့ကာ ပြုလုပ်ခဲ့တာပါ။ 

ဒါကြောင့် ပင်မသပိတ်စစ်ကြောင်းကို အေးချမ်းစွာနဲ့ အထိအခိုက်မရှိ အေးအေးချမ်းချမ်း စုဝေးချီတက် လူစုခွဲနိုင်ခဲ့ပါတယ်။ 

တိုင်းရင်းဆေးရုံလမ်းဖက်မှာတော့ တခြားသော ဆန္ဒပြသူတွေရဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့တာ တွေ ရှိခဲ့ပေမယ့် ထိခိုက်မှုတော့ မရှိခဲ့ကြဘူးလို့ သိရပါတယ်။ 

လက်ရှိအချိန်ထိ မုံရွာမြို့မှာ ထိပ်တိုက်တွေ့ အကြမ်းဖက်ဖြိုခွင်းခံရလို့ သေဆုံးသူ ၁၀ ဦးထိရှိခဲ့ပါတယ်။

9 months Ago
More News
Up