မတ်လ ၂၆ ရက်နေ့က ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲကို အရင်ရက်တွေထက် လူအင်အားတိုးလာကာ ထောင်သောင်းချီ ပူးပေါင်းပါဝင်လာခဲ့ပါတယ်။
ဒီနေ့မှာတော့ ပညာရေးသပိတ်စစ်ကြောင်းကလည်း ပူးပေါင်းပါဝင်လာခဲ့ပါတယ်။
သပိတ်စစ်ကြောင်း ချီတက်ရာ ရပ်ကွက်တွေကို မနက်အစောပိုင်းက စစ်ကောင်စီ အကြမ်းဖက်လက်နက်ကိုင် စစ်တပ်၊ ရဲတို့က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ကာ တွေ့သမျှ အမျိုးသားတွေကို ဖမ်းဆီးတာတွေလည်း ရှိခဲ့ပါတယ်။
ဘယ်နှဦးဖမ်းဆီးခံလိုက်ရတယ်ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။
သပိတ်စစ်ကြောင်းကို ပိတ်ဆို့နိုင်ဖို့ လမ်းရှင်းပြီး ဝင်ရောက်လာတာတွေရှိပေမယ့် သပိတ်စစ်ကြောင်းကတော့ အေးအေးချမ်းချမ်းနဲ့ ချီတက်လူစုခွဲနိုင်ခဲ့ကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် မင်းနန္ဒာလမ်းမမှာ ဖေဖော်ဝါရီ ၉ ရက် နေ့လယ် ၁၂ နာရီကျော်လောက်က စစ်အာဏာရှင်ဆန့်ကျင်ရေး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းထားသူတွေကို ပြန်လွှတ်ပေးရေး လူပေါင်း သောင်းနဲ့ချီ ချီတက်ဆန္ဒပြနေကြပါတယ်။