စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲ

February 11, 2021

တောင်တွင်းကြီး ဆန္ဒပြပွဲ ဌာနဆိုင်ရာနှင့်ပြည်သူ သိန်းချီ ပါဝင်

တောင်တွင်းကြီးမြို့မှာ ဒီကနေ့ မနက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲ ၄ ရက်မြောက်နေ့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အလွှာအသီးသီးက ဒေသခံပြည်သူ သိန်းချီ ပါဝင်လာခဲ့ကြပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ စစ်အာဏာရှင်အလိုမရှိ၊ အမေစုကျန်းမာပါစေ၊ မတရားဖမ်းဆီးထားသော အမေစုနှင့်သမ္မတကြီးအပါအဝင် ဖမ်းဆီးထားသူများ ချက်ချင်းလွှတ် စတဲ့ ကြွေးကြော်သံတွေနဲ့ တောင်တွင်းကြီးမြို့လမ်းမကြီးများပေါ် လှည့်လည်ဆန္ဒပြကြပါတယ်။

ဒီနေ့မှာတော့ တောင်တွင်းကြီးမြို့က ဌာနဆိုင်ရာဝန်ထမ်းအများစုဟာ ရုံးမတက်ကြတော့ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာကြပြီး မပါဝင်သေးတဲ့ ဌာနတွေနဲ့ ဝန်ထမ်းတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

10 months Ago
Up