မန္တလေးမြို့မှာ ဧပြီ ၉ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ စုပေါင်းဆန္ဒပြခဲ့ကြပါတယ်။
စုပေါင်းသပိတ်စစ်ကြောင်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် သပိတ်စစ်ကြောင်း၊ ဘုရားကြီးငြိမ်းချမ်းရေး သပိတ်စစ်ကြောင်း၊ မန္တလေး တမ္ပဝတီလူထု သပိတ်စစ်ကြောင်းနဲ့ အ.ထ.က(၇) ကျောင်းသားကျောင်းသူဟောင်းများ သပိတ်စစ်ကြောင်းတို့ ပါဝင်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ စစ်အာဏာရှင်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး စတာတွေကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြပြီး သပိတ်ကို အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့မှာ မတ်လ ၂၃ ရက်မနက်က Generation Z လူငယ်တွေ၊ CDM ဝန်ထမ်းတွေ ကျေးရွာတွေကစစ်ကြောင်းတွေနဲ့ပြည်သူလူထု သောင်းနဲ့ချီပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။