စစ်အကျဉ်းသားများ လဲလှယ်

December 16, 2020

အဇာဘိုင်ဂျန်နှင့် အာမေးနီးယား စစ်အကျဉ်းသားများ လဲလှယ်

ရုရှား ကြားဝင်ဆောင်ရွက်တဲ့ အကျဉ်းသားလဲလှယ်မှု အစီအစဉ်အရ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ စစ်အကျဉ်းသားတွေကို အဖွဲ့လိုက် စတင်လဲလှယ်နေတယ်လို့ ရုရှား ကာကွယ်ရေးဌာနက ဒီဇင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။ ပဋိပက္ခဖြစ်ခဲ့တဲ့ နာဂေါ်နိုခါရာဘတ်ခ်ဒေသမှာ ရုရှား ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့တွေကို ဖြန့်ကြက်ထားပါတယ်။ ရုရှား ကြားဝင်ညှိနှိုင်းခဲ့ပြီးနောက် အာမေးနီးယားအကျဉ်းသား ၄၄ ယောက် အဖွဲ့ဟာ မိခင်နိုင်ငံကို ပြန်ရောက်လာပြီလို့ အာမေးနီးယား ဒုဝန်ကြီးချုပ်က ဒီဇင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။ အကျဉ်းသားလဲလှယ်မှု အစီအစဉ်အရ ရုရှားစစ်လေယာဉ်ဟာ အဇာဘိုင်ဂျန် အကျဉ်းသား ၁၂ အဖွဲ့ကိုလည်း မြို့တော် ဘာကူဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ရုရှား ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ တပ်မှူးက ဒီဇင်ဘာ ၁၅ ရက်မှာ ရိုက်တာကို ပြောပါတယ်။
1 year Ago
Up