စစ်သွေးကြွအဖွဲ့ဖမ်း

October 9, 2020

စစ်သွေးကြွအဖွဲ့ဖမ်းထားသည့် ဓားစာခံ ၄ ဦး ပြန်လွတ်

အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့ လက်ထဲမှာ အချိန်အတော်ကြာ ဖမ်းဆီးခံရတဲ့ မာလီ နိုင်ငံရေးသမား၊ ပြင်သစ်အကူအညီပေးရေး လုပ်သားနဲ့ အီတလီနိုင်ငံသား နှစ်ယောက်တို့ဟာ အောက်တိုဘာ ၈ ရက်က ပြန်လွတ်မြောက်လာခဲ့ပါတယ်။   မာလီစစ်ဘက်လေယာဉ်နဲ့ မြို့တော်ဘမ်မာကိုကို ပြန်ရောက်လာတဲ့ သူတို့ကို  မိသားစုဝင် တွေက ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။  အဲဒီနောက် သူတို့ကို မာလီသမ္မတ အိမ်တော်ဆီခေါ်သွားခဲ့ပြီး မာလီအသွင်ကူးပြောင်းရေး အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က  သံသယဖြစ်ဖွယ် စစ်သွေးကြွအများအပြားကို မာလီ အာဏာပိုင်တွေ လွှတ်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပြီး ရက်ပိုင်းအကြာ အစ္စလာမ္မစ်တွေ ဖမ်းဆီးထားတဲ့  ဓားစာခံတွေကို ပြန်လွှတ်ပေးတော့မယ်လို့  မာလီသမ္မတက ကြေညာခဲ့ပါတယ်။  အခုပြန်လွတ်လာတဲ့ ဓားစာခံတွေဟာ နိုင်ငံရေးသမား ဆိုမာလက်က၊ အကူအညီပေးရေး ဝန်ထမ်း ဆိုဖီပတ်ထရိုနင်၊ ဖာသာ ပီလာလူဂျီ မက်ကာလီနဲ့  ကမ္ဘာလှည့်ခရီးသွားလို့ ထင်ရတဲ့ နီကိုလာ ကရာခရိုတို့ ဖြစ်ကြတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။  
7 months Ago
Up