စစ်သား ၈၀

January 8, 2020

အီရန် ပစ်ခတ်မှုကြောင့် အမေရိကန် စစ်အခြေစိုက်စခန်းမှ စစ်သား ၈၀ ထက်မနည်း သေဆုံး

အီရတ် အမေရိကန် စစ်အခြေစိုက်စခန်းက  အဓိကနေရာ အခု ၂၀ ကို အီရန်က ပစ်လွှတ်တဲ့ ဒုံးကျည်တွေ ထိမှန်ခဲ့တာကြောင့်  စစ်သားအယောက် ၈၀ ထက်မနည်း သေဆုံးပြီး ၂၀၀ ကျော်ဒဏ်ရာရတယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်က နိုင်ငံပိုင်ရုပ်သံကနေ ကြေညာခဲ့ပါတယ်။ အီရန်ဗိုလ်ချုပ်ကြီး ဆိုလန်မန်နီ  လုပ်ကြံခံရတာကို လက်တုံ့ပြန်တဲ့အနေနဲ့  အီရတ်နိုင်ငံအတွင်းရှိ အမေရိကန် စစ်အခြေစိုက်နှစ်ခုထက် မနည်းကို ဇန်နဝါရီ ၇ ရက်နေ့က ပဲ့ထိန်းဒုံးကျည် ၁၅ စင်းနဲ့ ပစ်ခတ်ခဲ့တာပါ။ ရဟတ်ယာဉ်တွေအပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းအများအပြားကို ဖျက်ဆီးခဲ့တယ်လို့   the Mehr (သည်မား) သတင်းအေဂျင်စီက ဖော်ပြပါတယ်။   ဗိုလ်ချုပ်ကြီး ဆိုလန်မန်နီကို မြေမမြုပ်ခင် နာရီပိုင်းအလိုမှာပဲ အီရန်က တိုက်ခိုက်ခဲ့ပြိး  ဒုံးကျည်တွေ ပစ်လွှတ်နေပုံကို နိုင်ငံပိုင်သတင်းမှာ ဖာ်ပြခဲ့ပါတယ်။ အမေရိကန် စစ်စခန်းအချို့ကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အသေအပျောက် အပျက်အစီးစာရင်းကို စိစစ်ပြီး အခြေအနေအားလုံး ကောင်းတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်က ပြောပါတယ်။
2 years Ago
Up