စစ်သည် ၃၄ ယောက် ဦးနှောက်ထိခိုက်

January 26, 2020

အီရန်ဒုံးကျည်တိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သည် ၃၄ ဦး ဦးနှောက်ထိခိုက်ခဲ့ဟု ပင်တဂွန်ပြေ

အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်စခန်းကို ဒီလအစောပိုင်းက အီရန်ရဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်အပြီး အမေရိကန်စစ်သည် ၃၄ ယောက် ဦးနှောက်ထိခိုက် ဒဏ်ရာရတဲ့အတွက် ကုသ ပေးခဲ့ရတယ်လို့ အမေရိကန်နိုင်ငံက ပင်တဂွန်စစ်ဌာနချုပ်က ဇန်နဝါရီ ၂၄ ရက်မှာ ပြောပါတယ်။ ဒါဟာ စစ်တပ်က အရင်က ကြေညာခဲ့တဲ့ အရေအတွက်ထက် ပိုများနေတာပါ။ အီရတ်အနောက်ပိုင်းက အိန်းအယ်လ်အာဆတ် လေတပ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုပြီး ခေါင်းကို ထိခိုက်သတိလစ်တဲ့လက္ခဏာတွေကြောင့် အမေရိကန်စစ်သည် ၁၁ ယောက်ကို အီရတ်နိုင်ငံထဲကနေ လွှဲပြောင်း ကုသပေးခဲ့ရတယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ နောက်ထပ်စစ်သည်တွေကို အီရတ်နိုင်ငံထဲကနေ သယ်ထုတ်ခဲ့ပြီးပြီလို့ အမေရိကန်စစ်တပ်က ဒီသီတင်းပတ်မှာ ပြောခဲ့ပါတယ်။  စစ်သည် ၉ ယောက်ကတော့ ဂျာမနီနိုင်ငံထဲမှာ ဆေးကုသစစ်ဆေးတာ ခံယူနေဆဲပါ။ စစ်သည်လူနာတွေမှာ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ အလင်းရောင်ကို မခံနိုင်တာနဲ့ ပျို့အန်တာစတဲ့ လက္ခဏာတွေကို မြင်ရတယ်လို့ ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရ ဂျိုနသန် ဟော့ဖှ်မဲန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 
1 year Ago
Up