စစ်သင်္ဘော

September 29, 2021

ပြင်သစ်မှ စစ်သင်္ဘော ၃ စီး ဝယ်ယူရန် ဂရိအစိုးရ သဘောတူ

ဂရိအစိုးရဟာ ပြင်သစ်နိုင်ငံဆီက ဖရီးဂိတ် စစ်သင်္ဘော အသစ် ၃ စီး ဝယ်ဖို့ သဘောတူညီချက်ကို စက်တင်ဘာ ၂၈ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ပြင်သစ်အစိုးရဟာ သြစတြေးလျ အစိုးရနဲ့ ရေငုပ်သင်္ဘောရောင်းဝယ်ရေး အကြီးစား ကန်ထရိုက်ကို ဆုံးရှုံးအပြီး ဈေးကွက်ပြန်ရဖို့ ကြိုးစားနေတာပါ။ ပိုကျယ်ပြန့်တဲ့ ဗျူဟာမြောက် စစ်ဘက်နဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

ဂရိအစိုးရဟာ ဒီနှစ်အတွက် ဒတ်ဇော့ကုမ္ပဏီထုတ် ရာဖှယ်တိုက်လေယာဉ် ၂၄ စီးကို မှာယူထားပြီး ဖြစ်တာကြောင့် တိုက်လေယာဉ်ဝယ်တဲ့ ပထမဆုံး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခွန်းက “ဒီအရောင်းအဝယ်ဟာ ဥရောပ လုံခြုံရေးကို ထည့်ဝင်အားပေးတယ်။ ဥရောပရဲ့ ဗျူဟာမြောက် အချုပ်အခြာနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုရော နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုပါ အားဖြည့်တယ်”လို့ ဂရိဝန်ကြီးချုပ်နဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဂရိဝန်ကြီးချုပ်ကလည်း ဂရိနဲ့ ပြင်သစ် အတူပူးတွဲနေတဲ့ သမိုင်းကြောင်း၊ ပထဝီဝင်အနေအထားနဲ့ ဥရောပအကျိုးစီးပွားတွေကို ဒီအရောင်းအဝယ်ကပြနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဂရိနဲ့ အရောင်းအဝယ်ဟာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၆ ဘီလီယံအထိ တန်ဖိုးရှိနိုင်တယ်လို့ ပြင်သစ်မီဒီယာတွေက အစီရင်ခံပါတယ်။

ဒါကြောင့် သြစတြေးလျအစိုးရနဲ့ ဘီလီယံချီ အရောင်းအဝယ်ဆုံးရှုံးခဲ့တဲ့ ကုမ္ပဏီအတွက် သက်သာရာတချို့ ရခဲ့တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

3 weeks Ago

September 12, 2021

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီဘက်က စစ်သင်္ဘောဖြင့် လုံခြုံရေးကင်းလှည့်

စစ်ကိုင်းတိုင်း ချင်တွင်းမြစ်အတွင်းမှာ စက်တင်ဘာ ၁၁ ရက်နေ့‌ နေ့လယ်ပိုင်းကစပြီး စစ်ကောင်စီက စစ်သင်္ဘောတစ်စီး၊ ရေလမ်းပြ စပိဘုတ်နှစ်စီးနဲ့ ရေလမ်းကင်းလှည့်တာ‌တွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမြင့်ကျေးရွာသားတစ်ဦးက “ဒီနေ့ နေ့လယ်ပိုင်းက ဧရာဝတီမြစ်ကြောင်းကနေတဆင့် ချင်းတွင်းမြစ်အတွင်းကို တက်လာတယ်ထင်တယ်ဗျ။ ဒီနေ့ ၃ နာရီကျော်လောက်မှာ ချောင်းဦးမြို့နယ် အမြင့်ဆိပ်ကမ်းတဝိုက်မှာ  ရေကြောင်းကင်းလှည့်နေ‌တာ။ လက်နက်ခဲယမ်းတွေလား၊ ရိက္ခာတွေလားတော့ မသိဘူးဗျ။ စစ်သင်္ဘောကြီးပေါ်ကတော့ ကုန်တွေနစ်နေတာပဲ။ အဲစစ်သင်္ဘောဘေးမှာ စပီဘုတ်လေးနှစ်စီးက လုံခြုံရေးကင်းလှည့်ပေးနေတာမြင်ရတယ်" လို့ ပြောပါတယ်။

ချင်းတွင်းမြစ်အတွင်း နယ်မြေစိုးမိုးရေးခေါင်းစဥ်နဲ့ စစ်သင်္ဘောနဲ့ ချင်းတွင်းမြစ်အထက်ပိုင်းကနေ ကျောက်စိမ်းလို့ယူဆရတဲ့ အဖိုးတန်ပစ္စည်းတွေ သယ်ဆောင်လာတာတွေလည်း  ရှိခဲ့ပါတယ်။ 

အဲလိုသယ်ဆောင်ရာမှာ စစ်သင်္ဘောပေါ် ပါလာတဲ့ အကြမ်းဖက်တပ်တွေက ကနီမြို့နယ် ချင်တွင်းမြစ်ကမ်းဘေးနေထိုင်တဲ့ ကျေးရွာအချို့ကိုဝင်ပြီး မီးရှို့တာတွေ လက်နတ်ကြီးနဲ့ ကျေးရွာတွေအတွင်း ပစ်ခတ်တာတွေလည်း လုပ်ခဲ့တဲ့ဖြစ်စဥ်‌တွေ ရှိတယ်လို့ ချင်တွင်းမြစ်‌ဘေးနေ ဒေသခံတွေဆီက သိရပါတယ်။

1 month Ago
More News
Up