စစ်သင်တန်းကျောင်း

August 14, 2019

ဖရူဆိုမြို့နယ်မှ စစ်သင်တန်းကျောင်းနှင့် ဒေသခံ အမျိုးသမီးများ၏ ဒုက္ခ

မော်လူမာသည် ဖရူဆိုမြို့နယ်၊ ဒေါလော့ခူရွာတွင် နေထိုင်ပြီး မြေအသိမ်းခံရသည့်အထဲတွင် သူမ၏ မြေ ၉ ဧကလည်း ပါသွားခဲ့သည်။ အသိမ်းခံရသည့် မြေယာသည် မြေဆီလွှာက ကောင်းခြင်းကြောင့် အသီးအနှံများ အောင်မြင်သည့်မြေလည်း ဖြစ်သည်။ ῝အရင်တုန်းကဆို တောင်ယာသွားရင် တယောက်တည်းသွားလည်း ရတယ်။ အခုတော့ အဖော်တွေနဲ့ အတူတူ သွားရတယ်။ တခါတလေဆို စစ်သားတွေက တောင်ယာထဲက ကျမတို့ကို ကြည့်သွားပြီး အဝတ်အစားတွေ ချွတ်ပြတယ်၊ အဖွဲ့လိုက် ရှိနေတာတောင် ဒီလိုလုပ်သွားတာဆိုတော့ တယောက်တည်းဆိုရင်တော့ တွေးကြည့်ရင် အရမ်းကြောက်တာပဲ῎ မော်လူမြာက အဖော်မပါဘဲ တောင်ယာထဲ မသွားရဲသည့် လက်ရှိအခြေအနေကိုလည်း ဆက်ပြောပြသည်။ ῝လမ်းပေါ် လျှောက်သွားရင်လည်း သေနတ်တွေနဲ့၊ စစ်လေ့ကျင့်ရေးလုပ်ပြီဆိုရင် သေနတ်သံတွေ ကြားရတော့ ရင်တုန်တယ်။ သူတို့က စကားပြောရင်လည်း အော်ကြီးဟစ်ကျယ်နဲ့လေ။ ကျမတို့ဒေသမှာ အဲဒီလို စကားအကျယ်ကြီး အော်မပြောကြဘူး။ အဲဒီလိုအသံတွေ ကြားရင် ရင်ထဲ မကောင်းတော့ဘူး῎ ဖရူဆိုမြို့နယ်သည် ကယားပြည်နယ်၊ လွိုင်ကော်-ဘောလခဲကားလမ်းပေါ်တွင် တည်ရှိသည်။ ဒေသခံပြည်သူများမှာ ဘိုးဘွားပိုင် လယ်ယာမြေများတွင် အေးချမ်းစွာ လုပ်ကိုင်စားသောက် နေထိုင်ခဲ့ကြပြီး အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် စပါး၊ မြေပဲ၊ ပြောင်းကောက်တို့ စိုက်ပျိုးကြသည်။ ၂၀၁၀ ခုနှစ်တွင် ဒေသခံပြည်သူများကို အသိပေးခြင်းမရှိဘဲ မြေစာရင်းဌာနမှ တာဝန်ရှိသူများနှင့် ဖရူဆိုမြို့၊ ဒေသခံတပ်ရင်းများဖြစ်သော အမှတ် (၅၃၁) နှင့် (၄၂၈) တို့မှ ရဲဘော်များသည် ဒေသခံတို့ စိုက်ပျိုးလုပ်ကိုင်နေသော မြေပြင်များကို တိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ်၊ နှစ်ကုန်ပြီးချိန်မှ မြေစာရင်းဌာနမှ လူထုအချို့နှင့် တွေ့ဆုံကာ စစ်တပ်မှ မြေသိမ်းမည့်အကြောင်းကို အသိပေးခဲ့သည်။ ဖရူဆိုမြို့နယ်ရှိ လော့ဂျာကျေးရွာအပြင် အနီးအနားရှိ ရွာများသည် ရေအလွန်ရှားပါးသဖြင့် ယခုလို ကြီးမားသော စစ်လေ့ကျင့်ရေးကျောင်းတခု လာရောက်တည်ဆောက်လိမ့်မည်ဟု မထင်မှတ်ထားကြဘဲ နယ်မြေလုံခြုံရေးအရ တပ်ရင်းတရင်း လာရောက် အခြေချသည်ဟုသာ ဒေသခံများက ထင်မှတ်ခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ စစ်တပ်က လာရောက်အခြေချခဲ့ပြီး မြေယာသိမ်းယူမည့် ဧရိယာ အကျယ်အဝန်းကိုတော့ ကြိုတင်ပြောဆိုခြင်းမပြုဘဲ လျှို့ဝှက်ကိစ္စဟုသာ ဆိုခဲ့သည်။ မြေယာအသိမ်းခံရသည့် ရွာသူရွာသားများ စုစည်းကာ တာဝန်ရှိ ဌာနဆိုင်ရာ အဆင့်ဆင့်ကို တင်ပြခဲ့သော်လည်း ခြိမ်းခြောက်မှုများနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ ပိုင်ဆိုင်မှု အထောက်အထား မရှိသော်လည်း ထိုမြေယာသည် ဒေသခံများက နှစ်ပေါင်းများစွာ ဘိုးဘွားဘီဘင် အစဉ်အဆက် လုပ်ကိုင်စားသောက်လာခဲ့သော မြေယာများ ဖြစ်သည်။ မည်သို့ပင် ကြိုးစားသော်လည်း ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ ပုံစံ (၇)၊ (၁၀၅) နှင့် မြေယာ လုပ်ကိုင်ရာတွင် အခွန်ဆောင်ရမည့် ပြေစာ စသည်တို့နှင့်သာ ဒေသခံများကို ပြန်လည်ခြိမ်းခြောက်ခဲ့ကြသည်။ ထိုအချိန်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် အစိုးရမှ အပစ်အခတ်ရပ်စဲရေး မလုပ်ဆောင်သေးသဖြင့် လျော်ကြေးမယူလျှင် ဒေသခံများကို နိုင်ငံရေးအရ အထင်မှားမည်ကို စိုးရိမ်ပြီး စစ်တပ်မှ သိမ်းယူခဲ့သော မြေဧကပေါင်း ၃၀၀၀ ကျော်အနက် ၈၆၀ ဧကကိုသာ လျော်ကြေးပေးခဲ့ရာတွင် တဧကကို ၅ သောင်းကျပ်နှုန်းဖြင့် လက်မခံချင်ဘဲ လက်ခံခဲ့ကြသည်ဟု ဆိုသည်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် စစ်လေ့ကျင့်ရေးလုပ်ငန်းများ ချဲ့ထွင်လာခြင်းကြောင့် စစ်လေ့ကျင့်ရေးကျောင်း အဆောက်အဦ ဆောက်လုပ်ရန် ဒေသခံမဟုတ်သည့် အလုပ်သမားများ ရောက်ရှိလာပြီးနောက်ပိုင်း ဖရူဆိုမြို့ပေါ်ရှိ ၁၁ နှစ်အရွယ် မိန်းကလေးငယ်တဦးကို အလုပ်သမားတဦးက အဓမ္မပြုကျင့်ခဲ့သည်။ ထိုအချိန်ကတည်းက ဒေသခံပြည်သူလုထု၏ လုံခြုံရေးကို စတင်ခြိမ်းခြောက်လာသည်ကို သတိပြုမိကြောင်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။ ῝ဒါက သက်ငယ်မိန်းကလေးတွေသာမက တိုင်းပြည်အခြေအနေ မငြိမ်သက်ခဲ့ရင် အနီးအနား ဒေသခံတွေ အသက်အန္တရာယ်ပါ စိုးရိမ်စရာ ဖြစ်လာတယ်။ စစ်လေ့ကျင့်မှုတွေ လုပ်လာခြင်းနဲ့ တောင်ယာတွေထဲမှာ အမျိုးသမီးတွေကို နှစ်ကြိမ်တိုင်တိုင် မဖွယ်မရာ ပြုလုပ်တာတွေ၊ မြှူဆွယ်တာတွေ စတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို လုပ်လာကြတယ်῎ စစ်တပ်အင်အား ထောင်ချီရှိသည့်အတွက် ကြက်၊ ဝက် စသည့် အိမ်မွေးတိရစ္ဆာန်များ ပျောက်ဆုံးမှု၊ အမျိုးသမီးများအတွက် မလုံခြုံမှုများအပြင် စစ်လေ့ကျင့်သည့်အချိန်တွင် ပစ်ခတ်လိုက်သည့် လက်နက်ကျည်များ မပေါက်ကွဲဘဲ ကျန်နေသော ဗုံးသီးများသည်လည်း ကလေးငယ်များကို ထိခိုက်ခဲ့သည့်အတွက် ဒေသခံများ၏ စိုးရိမ်ပူပန်မှု တိုးမြင့်လာခဲ့သည်ဟု ဦးသဲရယ်က ပြောသည်။ ῝ကလေးနှစ်ယောက်က မပေါက်ကွဲတဲ့ ဗုံးသီးကို သွားဆော့တော့ ပေါက်ကွဲပြီး ထိခိုက်သွားတယ်၊ ကံကောင်းလို့ အသက်မသေပေမယ့် တယောက်က လက်ချောင်းတွေကို ဖြတ်လိုက်ရတယ်။ ကျနော်တို့ အစိုးရိမ်ဆုံးကတော့ ပြည်တွင်းစစ်သာ ပြန်ဖြစ်ရင် ခံရမှာက ကျနော်တို့ ဒေသခံ ပြည်သူတွေပါပဲ῎ အစိုးရထံ တင်ပြမှုများ၊ လူထုဆန္ဒခံယူပွဲများ၊ ဆန္ဒပြပွဲများကို ဒေသခံများမှ ပြုလုပ်ခဲ့ကြသော်လည်း စစ်တပ်ဘက်မှ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးခြင်း မရှိသည့်အပြင် အနည်းဆုံး တနှစ်တကြိမ် စစ်ရေးလေ့ကျင့်မှုများ ပုံမှန်ရှိနေသည်။ ထိုသို့ စစ်သင်တန်းကျောင်း တည်ရှိခြင်းသည် အမျိုးသမီးများဘဝ လုံခြုံမှု မရှိခြင်းသာမက တောင်ယာဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသည့် တောင်သူများလည်း လုပ်ကိုင်စရာ မြေနေရာများ ရှားပါးလာပြီး အခက်အခဲများနှင့် ရင်ဆိုင်လာရသည်။ လော့ဂျာကျေးရွာမှ ဒေါ်ရှားမြာသည်လည်း စစ်လေ့ကျင့်ရေး နယ်မြေသိမ်းသည့်အထဲတွင် မြေ ၁၀ ဧကကျော် ပါသွားခဲ့သူ ဖြစ်သည်။ ၁၀ ဧကသည် သူမတို့မိသားစုအတွက် ယခင်က ဖူလုံခဲ့သော်လည်း မြေသိမ်းခံရပြီးနောက်ပိုင်းတွင် ကျောက်ပေါများသော မြေများမှာ ချဲ့ထွင်လုပ်ကိုင်ရခြင်းကြောင့် မိသားစု စားဝတ်နေရေး ခက်ခဲလာသည်။ အိမ်မှ တောင်ယာသွားရာတွင် ယခင်ကလို တဦးတည်း သွား၍မရဘဲ အဖော်စောင့်နေရခြင်းကြောင့် အလုပ်မှာလည်း ထင်သလောက် မတွင်ကျယ်ဘဲ နှောင့်နှေးလာသည်ဟု သူမက ပြောပြသည်။ ῝တောထဲမှာ နွားကျောင်းသွားရင်လည်း မလုံခြုံဘူး၊ ပြီးတော့ နွားစားကျက်တွေလည်း မရှိတော့ဘူး။ တခါတလေဆို တောင်ယာခုတ်နေရင်းနဲ့ စစ်သားတွေ ရောက်လာပြီး ကျမတို့ကို အိမ်အတင်းပြန်ခိုင်းတာ ရှိတယ်။ စစ်စခန်းနဲ့ ရွာနဲ့က အရမ်းနီးကပ်တော့ သူတို့ စစ်လေ့ကျင့်တဲ့အခါမှာ ပစ်တဲ့ သေနတ်သံတွေကိုလည်း ကြောက်တယ်῎ ဆက်လက်ပြီး ဒေါ်ရှားမြာက ῝စစ်လေ့ကျင့်ရေးစခန်းကို ပြန်ဆုတ်ခိုင်းစေချင်တယ်῎ ဟု သူမ၏ ဆန္ဒကို ပြောသည်။ အပစ်အခတ်ရပ်စဲရေး ကာလမတိုင်မီ ဖရူဆိုမြို့နယ်ရှိ လော့ဂျာကျေးရွာ အပါအဝင် အနီးအနားရှိ ရွာများသည် တိုက်ပွဲများ မကြာခဏဖြစ်ခဲ့ပြီး စစ်ဒဏ်သင့်ခဲ့သည်။ သို့သော် ထိုအချိန်ကပင် ကောင်းမွန်သော စိုက်ပျိုးမြေများကို ပိုင်ဆိုင်ထားပြီး လုပ်ကိုင်စားသောက်နိုင်ခဲ့ကြသော ဒေသခံလူထုမှာ ယခုလို အပစ်အခတ်ရပ်စဲသည့် ကာလမှ စစ်တပ်၏ မြေယာသိမ်းဆည်းမှုများ၊ အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ခြင်းနှင့် စစ်ရေး လေ့ကျင့်မှုများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်လာရခြင်း ဖြစ်သည်။ သိမ်းဆည်းခဲ့သည့် မြေယာဧက ၃၀၀၀ ကို ကျေးရွာပေါင်း ၆ ရွာမှ ပိုင်ဆိုင်ထားပြီး ထိုကျေးရွာများမှာ လော့ဂျာ၊ ဒေါလော့ခူ၊ ဒေါတထော၊ မာခရော်ရှေး၊ လောခိုခူနှင့် ခိုလာခူရွာတို့ ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စစ်တပ်မှ မာခရော်ရှေး၊ ခိုလာခူ၊ ဒေါတထောမှ ဧကပေါင်း ၁၉၉.၈၆ နှင့် လောဂျာရွာမှ ၁၇ ဧကတို့ကို ပြန်လည်စွန့်လွှတ်ပေးခဲ့သည်။ လုံးဝမစွန့်လွှတ်သည့် ယာမြေသည် လျော်ကြေးပေးခဲ့သည့် ယာမြေများ ဖြစ်သည်။ ῝အပစ်အခတ်ရပ်စဲရေးကာလမတိုင်ခင် စစ်အာဏာရှင်လက်ထက်က ကြောက်ရတယ်ဆိုလို့ လက်နက်၊ ကျည်ဆန်နဲ့ ထမင်းထုပ် ထုပ်ပေးရတာမျိုးလောက်ပဲ။ ခုချိန်မှာတော့ ထမင်းထုပ် မကျွေးရတော့ပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတဲ့အပြင် ရွာသူတွေအတွက် လုံခြုံမှုမရှိတော့တဲ့ အခြေအနေတခု တိုးလာခဲ့တယ်” ဟု လော့ဂျာရွာရှိ ရပ်မိရပ်ဖဖြစ်သူ ဦးထားရုက ပြောသည်။ စစ်လေ့ကျင့်ရေး ပြုလုပ်သည့်အချိန်တွင် လူအင်အား ၃၀၀၀ ထက်မနည်းရှိပြီး ထိုအချိန်သည် ဒေသခံများ စိုးရိမ်သောကများနှင့် စိတ်မငြိမ်မသက် ဖြစ်ကြသည့်အချိန်လည်း ဖြစ်သည်ဟု ဦးထားရုက ဆိုသည်။ တချို့သင်တန်းသားများက စစ်လေ့ကျင့်ရေးကျောင်းမှ ထွက်ပြေးလာပြီး ဒေသခံ အမျိုးသမီးငယ်များကို ဆွဲလားရမ်းလားလုပ်ခြင်း၊ ဆိုင်ကယ်များ ခိုးယူခြင်း၊ ကျောင်းဆရာမများ နေထိုင်ရာ အိမ်တို့တွင် အဝတ်အစားများနှင့် လက်ကိုင်ဖုန်းများကို ဝင်ရောက်ခိုးယူခြင်းများ ကျူးလွန်ကြသည်ဟုလည်း သူက ဆက်လက်ပြောဆိုပါသည်။ ကောကော် (hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။)
Zawgyi Version ဖ႐ူဆိုၿမိဳ႕နယ္မွ စစ္သင္တန္းေက်ာင္းႏွင့္ ေဒသခံ အမ်ိဳးသမီးမ်ား၏ ဒုကၡ ေကာေကာ္ ေမာ္လူမာသည္ ဖ႐ူဆိုၿမိဳ႕နယ္၊ ေဒါေလာ့ခူ႐ြာတြင္ ေနထိုင္ၿပီး ေျမအသိမ္းခံရသည့္အထဲတြင္ သူမ၏ ေျမ ၉ ဧကလည္း ပါသြားခဲ့သည္။ အသိမ္းခံရသည့္ ေျမယာသည္ ေျမဆီလႊာက ေကာင္းျခင္းေၾကာင့္ အသီးအႏွံမ်ား ေအာင္ျမင္သည့္ေျမလည္း ျဖစ္သည္။ ῝အရင္တုန္းကဆို ေတာင္ယာသြားရင္ တေယာက္တည္းသြားလည္း ရတယ္။ အခုေတာ့ အေဖာ္ေတြနဲ႔ အတူတူ သြားရတယ္။ တခါတေလဆို စစ္သားေတြက ေတာင္ယာထဲက က်မတို႔ကို ၾကည့္သြားၿပီး အဝတ္အစားေတြ ခြၽတ္ျပတယ္၊ အဖြဲ႔လိုက္ ရွိေနတာေတာင္ ဒီလိုလုပ္သြားတာဆိုေတာ့ တေယာက္တည္းဆိုရင္ေတာ့ ေတြးၾကည့္ရင္ အရမ္းေၾကာက္တာပဲ῎ ေမာ္လူျမာက အေဖာ္မပါဘဲ ေတာင္ယာထဲ မသြားရဲသည့္ လက္ရွိအေျခအေနကိုလည္း ဆက္ေျပာျပသည္။ ῝လမ္းေပၚ ေလွ်ာက္သြားရင္လည္း ေသနတ္ေတြနဲ႔၊ စစ္ေလ့က်င့္ေရးလုပ္ၿပီဆိုရင္ ေသနတ္သံေတြ ၾကားရေတာ့ ရင္တုန္တယ္။ သူတို႔က စကားေျပာရင္လည္း ေအာ္ႀကီးဟစ္က်ယ္နဲ႔ေလ။ က်မတို႔ေဒသမွာ အဲဒီလို စကားအက်ယ္ႀကီး ေအာ္မေျပာၾကဘူး။ အဲဒီလိုအသံေတြ ၾကားရင္ ရင္ထဲ မေကာင္းေတာ့ဘူး῎ ဖ႐ူဆိုၿမိဳ႕နယ္သည္ ကယားျပည္နယ္၊ လြိဳင္ေကာ္-ေဘာလခဲကားလမ္းေပၚတြင္ တည္ရွိသည္။ ေဒသခံျပည္သူမ်ားမွာ ဘိုးဘြားပိုင္ လယ္ယာေျမမ်ားတြင္ ေအးခ်မ္းစြာ လုပ္ကိုင္စားေသာက္ ေနထိုင္ခဲ့ၾကၿပီး အဓိက အသက္ေမြးဝမ္းေက်ာင္းအျဖစ္ စပါး၊ ေျမပဲ၊ ေျပာင္းေကာက္တို႔ စိုက္ပ်ိဳးၾကသည္။ ၂၀၁၀ ခုႏွစ္တြင္ ေဒသခံျပည္သူမ်ားကို အသိေပးျခင္းမရွိဘဲ ေျမစာရင္းဌာနမွ တာဝန္ရွိသူမ်ားႏွင့္ ဖ႐ူဆိုၿမိဳ႕၊ ေဒသခံတပ္ရင္းမ်ားျဖစ္ေသာ အမွတ္ (၅၃၁) ႏွင့္ (၄၂၈) တို႔မွ ရဲေဘာ္မ်ားသည္ ေဒသခံတို႔ စိုက္ပ်ိဳးလုပ္ကိုင္ေနေသာ ေျမျပင္မ်ားကို တိုင္းတာမႈမ်ား ျပဳလုပ္ခဲ့ၿပီး ၂၀၁၀ ခုႏွစ္၊ ႏွစ္ကုန္ၿပီးခ်ိန္မွ ေျမစာရင္းဌာနမွ လူထုအခ်ိဳ႕ႏွင့္ ေတြ႔ဆုံကာ စစ္တပ္မွ ေျမသိမ္းမည့္အေၾကာင္းကို အသိေပးခဲ့သည္။ ဖ႐ူဆိုၿမိဳ႕နယ္ရွိ ေလာ့ဂ်ာေက်း႐ြာအျပင္ အနီးအနားရွိ ႐ြာမ်ားသည္ ေရအလြန္ရွားပါးသျဖင့္ ယခုလို ႀကီးမားေသာ စစ္ေလ့က်င့္ေရးေက်ာင္းတခု လာေရာက္တည္ေဆာက္လိမ့္မည္ဟု မထင္မွတ္ထားၾကဘဲ နယ္ေျမလုံၿခဳံေရးအရ တပ္ရင္းတရင္း လာေရာက္ အေျခခ်သည္ဟုသာ ေဒသခံမ်ားက ထင္မွတ္ခဲ့ၾကသည္။ ၂၀၁၁ ခုႏွစ္မွ စစ္တပ္က လာေရာက္အေျခခ်ခဲ့ၿပီး ေျမယာသိမ္းယူမည့္ ဧရိယာ အက်ယ္အဝန္းကိုေတာ့ ႀကိဳတင္ေျပာဆိုျခင္းမျပဳဘဲ လွ်ိဳ႕ဝွက္ကိစၥဟုသာ ဆိုခဲ့သည္။ ေျမယာအသိမ္းခံရသည့္ ရြာသူရြာသားမ်ား စုစည္းကာ တာဝန္ရွိ ဌာနဆိုင္ရာ အဆင့္ဆင့္ကို တင္ျပခဲ့ေသာ္လည္း ၿခိမ္းေျခာက္မႈမ်ားႏွင့္သာ ရင္ဆိုင္ခဲ့ရသည္။ ပိုင္ဆိုင္မႈ အေထာက္အထား မရွိေသာ္လည္း ထိုေျမယာသည္ ေဒသခံမ်ားက ႏွစ္ေပါင္းမ်ားစြာ ဘိုးဘြားဘီဘင္ အစဥ္အဆက္ လုပ္ကိုင္စားေသာက္လာခဲ့ေသာ ေျမယာမ်ား ျဖစ္သည္။ မည္သို႔ပင္ ႀကိဳးစားေသာ္လည္း ၂၀၁၂ ခုႏွစ္ လယ္ယာေျမဥပေဒအရ ပုံစံ (၇)၊ (၁၀၅) ႏွင့္ ေျမယာ လုပ္ကိုင္ရာတြင္ အခြန္ေဆာင္ရမည့္ ေျပစာ စသည္တို႔ႏွင့္သာ ေဒသခံမ်ားကို ျပန္လည္ၿခိမ္းေျခာက္ခဲ့ၾကသည္။ ထိုအခ်ိန္တြင္ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP) ႏွင့္ အစိုးရမွ အပစ္အခတ္ရပ္စဲေရး မလုပ္ေဆာင္ေသးသျဖင့္ ေလ်ာ္ေၾကးမယူလွ်င္ ေဒသခံမ်ားကို ႏိုင္ငံေရးအရ အထင္မွားမည္ကို စိုးရိမ္ၿပီး စစ္တပ္မွ သိမ္းယူခဲ့ေသာ ေျမဧကေပါင္း ၃၀၀၀ ေက်ာ္အနက္ ၈၆၀ ဧကကိုသာ ေလ်ာ္ေၾကးေပးခဲ့ရာတြင္ တဧကကို ၅ ေသာင္းက်ပ္ႏႈန္းျဖင့္ လက္မခံခ်င္ဘဲ လက္ခံခဲ့ၾကသည္ဟု ဆိုသည္။ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္းတြင္ စစ္ေလ့က်င့္ေရးလုပ္ငန္းမ်ား ခ်ဲ႕ထြင္လာျခင္းေၾကာင့္ စစ္ေလ့က်င့္ေရးေက်ာင္း အေဆာက္အဦ ေဆာက္လုပ္ရန္ ေဒသခံမဟုတ္သည့္ အလုပ္သမားမ်ား ေရာက္ရွိလာၿပီးေနာက္ပိုင္း ဖ႐ူဆိုၿမိဳ႕ေပၚရွိ ၁၁ ႏွစ္အရြယ္ မိန္းကေလးငယ္တဦးကို အလုပ္သမားတဦးက အဓမၼျပဳက်င့္ခဲ့သည္။ ထိုအခ်ိန္ကတည္းက ေဒသခံျပည္သူလုထု၏ လုံၿခဳံေရးကို စတင္ၿခိမ္းေျခာက္လာသည္ကို သတိျပဳမိေၾကာင္း ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ ဖ႐ူဆိုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသဲရယ္က ေျပာသည္။ ῝ဒါက သက္ငယ္မိန္းကေလးေတြသာမက တိုင္းျပည္အေျခအေန မၿငိမ္သက္ခဲ့ရင္ အနီးအနား ေဒသခံေတြ အသက္အႏၲရာယ္ပါ စိုးရိမ္စရာ ျဖစ္လာတယ္။ စစ္ေလ့က်င့္မႈေတြ လုပ္လာျခင္းနဲ႔ ေတာင္ယာေတြထဲမွာ အမ်ိဳးသမီးေတြကို ႏွစ္ႀကိမ္တိုင္တိုင္ မဖြယ္မရာ ျပဳလုပ္တာေတြ၊ ျမႇဴဆြယ္တာေတြ စတဲ့ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြကို လုပ္လာၾကတယ္῎ စစ္တပ္အင္အား ေထာင္ခ်ီရွိသည့္အတြက္ ၾကက္၊ ဝက္ စသည့္ အိမ္ေမြးတိရစာၦန္မ်ား ေပ်ာက္ဆုံးမႈ၊ အမ်ိဳးသမီးမ်ားအတြက္ မလုံၿခဳံမႈမ်ားအျပင္ စစ္ေလ့က်င့္သည့္အခ်ိန္တြင္ ပစ္ခတ္လိုက္သည့္ လက္နက္က်ည္မ်ား မေပါက္ကြဲဘဲ က်န္ေနေသာ ဗုံးသီးမ်ားသည္လည္း ကေလးငယ္မ်ားကို ထိခိုက္ခဲ့သည့္အတြက္ ေဒသခံမ်ား၏ စိုးရိမ္ပူပန္မႈ တိုးျမင့္လာခဲ့သည္ဟု ဦးသဲရယ္က ေျပာသည္။ ῝ကေလးႏွစ္ေယာက္က မေပါက္ကြဲတဲ့ ဗုံးသီးကို သြားေဆာ့ေတာ့ ေပါက္ကြဲၿပီး ထိခိုက္သြားတယ္၊ ကံေကာင္းလို႔ အသက္မေသေပမယ့္ တေယာက္က လက္ေခ်ာင္းေတြကို ျဖတ္လိုက္ရတယ္။ က်ေနာ္တို႔ အစိုးရိမ္ဆုံးကေတာ့ ျပည္တြင္းစစ္သာ ျပန္ျဖစ္ရင္ ခံရမွာက က်ေနာ္တို႔ ေဒသခံ ျပည္သူေတြပါပဲ῎ အစိုးရထံ တင္ျပမႈမ်ား၊ လူထုဆႏၵခံယူပြဲမ်ား၊ ဆႏၵျပပြဲမ်ားကို ေဒသခံမ်ားမွ ျပဳလုပ္ခဲ့ၾကေသာ္လည္း စစ္တပ္ဘက္မွ အေရးယူ ေဆာင္႐ြက္မႈမ်ား ျပဳလုပ္ေပးျခင္း မရွိသည့္အျပင္ အနည္းဆုံး တႏွစ္တႀကိမ္ စစ္ေရးေလ့က်င့္မႈမ်ား ပုံမွန္ရွိေနသည္။ ထိုသို႔ စစ္သင္တန္းေက်ာင္း တည္ရွိျခင္းသည္ အမ်ိဳးသမီးမ်ားဘဝ လုံၿခဳံမႈ မရွိျခင္းသာမက ေတာင္ယာျဖင့္ အသက္ေမြးဝမ္းေက်ာင္း ျပဳလုပ္ေနသည့္ ေတာင္သူမ်ားလည္း လုပ္ကိုင္စရာ ေျမေနရာမ်ား ရွားပါးလာၿပီး အခက္အခဲမ်ားႏွင့္ ရင္ဆိုင္လာရသည္။ ေလာ့ဂ်ာေက်း႐ြာမွ ေဒၚရွားျမာသည္လည္း စစ္ေလ့က်င့္ေရး နယ္ေျမသိမ္းသည့္အထဲတြင္ ေျမ ၁၀ ဧကေက်ာ္ ပါသြားခဲ့သူ ျဖစ္သည္။ ၁၀ ဧကသည္ သူမတို႔မိသားစုအတြက္ ယခင္က ဖူလုံခဲ့ေသာ္လည္း ေျမသိမ္းခံရၿပီးေနာက္ပိုင္းတြင္ ေက်ာက္ေပါမ်ားေသာ ေျမမ်ားမွာ ခ်ဲ႕ထြင္လုပ္ကိုင္ရျခင္းေၾကာင့္ မိသားစု စားဝတ္ေနေရး ခက္ခဲလာသည္။ အိမ္မွ ေတာင္ယာသြားရာတြင္ ယခင္ကလို တဦးတည္း သြား၍မရဘဲ အေဖာ္ေစာင့္ေနရျခင္းေၾကာင့္ အလုပ္မွာလည္း ထင္သေလာက္ မတြင္က်ယ္ဘဲ ေႏွာင့္ေႏွးလာသည္ဟု သူမက ေျပာျပသည္။ ῝ေတာထဲမွာ ႏြားေက်ာင္းသြားရင္လည္း မလုံၿခဳံဘူး၊ ၿပီးေတာ့ ႏြားစားက်က္ေတြလည္း မရွိေတာ့ဘူး။ တခါတေလဆို ေတာင္ယာခုတ္ေနရင္းနဲ႔ စစ္သားေတြ ေရာက္လာၿပီး က်မတို႔ကို အိမ္အတင္းျပန္ခိုင္းတာ ရွိတယ္။ စစ္စခန္းနဲ႔ ရြာနဲ႔က အရမ္းနီးကပ္ေတာ့ သူတို႔ စစ္ေလ့က်င့္တဲ့အခါမွာ ပစ္တဲ့ ေသနတ္သံေတြကိုလည္း ေၾကာက္တယ္῎ ဆက္လက္ၿပီး ေဒၚရွားျမာက ῝စစ္ေလ့က်င့္ေရးစခန္းကို ျပန္ဆုတ္ခိုင္းေစခ်င္တယ္῎ ဟု သူမ၏ ဆႏၵကို ေျပာသည္။ အပစ္အခတ္ရပ္စဲေရး ကာလမတိုင္မီ ဖ႐ူဆိုၿမိဳ႕နယ္ရွိ ေလာ့ဂ်ာေက်းရြာ အပါအဝင္ အနီးအနားရွိ ရြာမ်ားသည္ တိုက္ပြဲမ်ား မၾကာခဏျဖစ္ခဲ့ၿပီး စစ္ဒဏ္သင့္ခဲ့သည္။ သို႔ေသာ္ ထိုအခ်ိန္ကပင္ ေကာင္းမြန္ေသာ စိုက္ပ်ိဳးေျမမ်ားကို ပိုင္ဆိုင္ထားၿပီး လုပ္ကိုင္စားေသာက္ႏိုင္ခဲ့ၾကေသာ ေဒသခံလူထုမွာ ယခုလို အပစ္အခတ္ရပ္စဲသည့္ ကာလမွ စစ္တပ္၏ ေျမယာသိမ္းဆည္းမႈမ်ား၊ အမွတ္ (၁၄) စစ္ေလ့က်င့္ေရးေက်ာင္း တည္ေဆာက္ျခင္းႏွင့္ စစ္ေရး ေလ့က်င့္မႈမ်ားေၾကာင့္ အခက္အခဲမ်ားႏွင့္ ရင္ဆိုင္လာရျခင္း ျဖစ္သည္။ သိမ္းဆည္းခဲ့သည့္ ေျမယာဧက ၃၀၀၀ ကို ေက်းရြာေပါင္း ၆ ရြာမွ ပိုင္ဆိုင္ထားၿပီး ထိုေက်းရြာမ်ားမွာ ေလာ့ဂ်ာ၊ ေဒါေလာ့ခူ၊ ေဒါတေထာ၊ မာခေရာ္ေရွး၊ ေလာခိုခူႏွင့္ ခိုလာခူရြာတို႔ ျဖစ္သည္။ ၂၀၁၄ ခုႏွစ္တြင္ စစ္တပ္မွ မာခေရာ္ေရွး၊ ခိုလာခူ၊ ေဒါတေထာမွ ဧကေပါင္း ၁၉၉.၈၆ ႏွင့္ ေလာဂ်ာ႐ြာမွ ၁၇ ဧကတို႔ကို ျပန္လည္စြန႔္လႊတ္ေပးခဲ့သည္။ လုံးဝမစြန႔္လႊတ္သည့္ ယာေျမသည္ ေလ်ာ္ေၾကးေပးခဲ့သည့္ ယာေျမမ်ား ျဖစ္သည္။ ῝အပစ္အခတ္ရပ္စဲေရးကာလမတိုင္ခင္ စစ္အာဏာရွင္လက္ထက္က ေၾကာက္ရတယ္ဆိုလို႔ လက္နက္၊ က်ည္ဆန္နဲ႔ ထမင္းထုပ္ ထုပ္ေပးရတာမ်ိဳးေလာက္ပဲ။ ခုခ်ိန္မွာေတာ့ ထမင္းထုပ္ မေကြၽးရေတာ့ေပမယ့္ အသက္အႏၲရာယ္ စိုးရိမ္ရတဲ့အျပင္ ရြာသူေတြအတြက္ လုံၿခဳံမႈမရွိေတာ့တဲ့ အေျခအေနတခု တိုးလာခဲ့တယ္” ဟု ေလာ့ဂ်ာရြာရွိ ရပ္မိရပ္ဖျဖစ္သူ ဦးထား႐ုက ေျပာသည္။ စစ္ေလ့က်င့္ေရး ျပဳလုပ္သည့္အခ်ိန္တြင္ လူအင္အား ၃၀၀၀ ထက္မနည္းရွိၿပီး ထိုအခ်ိန္သည္ ေဒသခံမ်ား စိုးရိမ္ေသာကမ်ားႏွင့္ စိတ္မၿငိမ္မသက္ ျဖစ္ၾကသည့္အခ်ိန္လည္း ျဖစ္သည္ဟု ဦးထား႐ုက ဆိုသည္။ တခ်ိဳ႕သင္တန္းသားမ်ားက စစ္ေလ့က်င့္ေရးေက်ာင္းမွ ထြက္ေျပးလာၿပီး ေဒသခံ အမ်ိဳးသမီးငယ္မ်ားကို ဆြဲလားရမ္းလားလုပ္ျခင္း၊ ဆိုင္ကယ္မ်ား ခိုးယူျခင္း၊ ေက်ာင္းဆရာမမ်ား ေနထိုင္ရာ အိမ္တို႔တြင္ အဝတ္အစားမ်ားႏွင့္ လက္ကိုင္ဖုန္းမ်ားကို ဝင္ေရာက္ခိုးယူျခင္းမ်ား က်ဴးလြန္ၾကသည္ဟုလည္း သူက ဆက္လက္ေျပာဆိုပါသည္။ (hiburma.net ဝက္ဘ္ဆိုက္မွ ျပန္လည္ေဖာ္ျပသည္။)
2 years Ago
Up