စစ်လေယာဉ်ပျက်ကျ

September 26, 2020

ယူကရိန်း စစ်လေယာဉ်ပျက်ကျသဖြင့် ဗိုလ်လောင်း ၂၂ ဦး သေဆုံး

ယူကရိန်းလေတပ်ဗိုလ်လောင်းတွေကို တင်ဆောင်လာတဲ့ စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်တစီး စက်တင်ဘာ ၂၅ ရက်က ပျက်ကျခဲ့ပြီး လိုက်ပါလာသူ ၂၂ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။   စစ်ဘက်လေယာဉ်ဟာ  လေ့ကျင့်သင်တန်းပေးနေချိန်အတွင်း မြေပြင်ကို ဆင်းထက်ရာမှာ ယူကရိန်းအရှေ့မြောက်ဘက် အဝေးပြေးလမ်းမအနီး ပျက်ကျခဲ့တယ်လို့ ရုစ်လန်းကွန်းမ်ချက်  ဦးစီးချုပ်က သတင်းထုတ်ပြန်ပါတယ်။  လေယာဉ်ပေါ်မှာ လူ ၂၇ ယောက် လိုက်ပါလာပြီး စစ်ဘက်လေတပ်စခန်းကနေ ၂ ကီလိုမီတာအကွာမှာ ပျက်ကျခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။  လေယာဉ်အနိမ့်ပိုင်း ပျံသန်းချိန်မှာ လူတချို့ ခုန်ချနိုင်ခဲ့တယ်လို့လည်း ကနဦးရတဲ့ သတင်း တွေကို ကိုးကားပြီး ခါခစ်ဒေသအုပ်ချုပ်ရေးမှူး ပြောဆိုတာကို အင်တာဖက်စ် ယူကရိန်းသတင်းမှာ ဖော်ပြခဲ့ပါတယ်။  စစ်ဘက်လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို စတင်စုံစမ်းစစ်ဆေး နေတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။  
8 months Ago
Up