စစ်ရှောင်ကူညီ

October 14, 2021

စစ်ရှောင်ကူညီရင်း ကားချောက်ထဲကျပြီး Free Burma Ranger-Karenni တပ်ဖွဲ့ဝင် ၁ ဦး သေဆုံး

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ရှိ ရိက္ခာပြတ်လပ်နေတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုကို ရိက္ခာသယ်ယူပို့ဆောင်စဉ် ကားမတော်တဆဖြစ်ပြီး  Free Burma Ranger- Karenni အဖွဲ့ တယောက်  သေဆုံးသွားခဲ့ရပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့က ဒီးမော့ဆိုအရှေ့ခြမ်း စစ်ဘေးရှောင်ရှိရာတနေရာမှာ ရိက္ခာသွားပို့ပြီး အပြန် ညနေ ၃ နာရီ လောက်က ကားချောက်ထဲ ထိုးကျသွားခဲ့တာပါ။

ကားပေါ်ပါလာတဲ့ စစ်​ဘေးရှောင်ကူညီသူ Free Burma Ranger- Karenni အဖွဲ့ဝင် ၅ ဦးနဲ့ လိုက်ပါကူညီဆောင်ရွက်သူ ၃ ဦး အနက် လိုက်ပါကူညီသူတစ်ဦးဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့တာလို့ အဖွဲ့ရဲ့ လူမှုကွန်ယက်မှာ ဖော်ပြပါတယ်။ 

သေဆုံးသူမှာ  အသက် ၃၆ နှစ်အရွယ် ဦးစေရယ်ဖြစ်ပြီး သားသမီး ၂ ဦး နဲ့ ဇနီးသည်ကျန်ရစ်ခဲ့ပါတယ်။

1 day Ago
Up