စစ်ရေးလေ့ကျင့်မှုဗွီဒီယို

October 19, 2019

မိုးကြိုး အမည်ရ စစ်ရေးလေ့ကျင့်မှုဗွီဒီယို ရုရှား ထုတ်ပြန်

၂၀၁၉ မိုးကြိုးလို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်ခန်း ဗွီဒီယိုကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ  ရုရှားရေငုပ်သင်္ဘော၊ စစ်သင်္ဘောနဲ့ မြေပြင်ပစ် လောင်ချာတွေက  ဒုံးကျည်တွေ ပစ်ခတ်နေပုံတွေကို ပြသခဲ့ပါတယ်။  ဒီစစ်ရေးလေ့ကျင့်ခန်းတွေမှာ နိုင်ငံတဝှမ်း နေရာအသီးသီးရှိ ဒုံးကျည်စနစ် ပစ်ခတ်မှုအားလုံး အောင်မြင်ပြီး စီစဉ်ထားတဲ့ ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ ကာကွယ်ရေးဌာန သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။   အနောက်နိုင်ငံတွေနဲ့ ရုရှားတို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန် ရုရှားက ဒီစစ်ရေးလေ့ကျင့်ခန်းတွေ  ပြုလုပ်ခဲ့တာပါ။  ရုရှားသမ္မတ ဗလာဒီမာပူတင်က လက်နက်ပြိုင်ဆိုင်ပွဲ အသစ်တွေ လုပ်မယ်လို့ သတိပေးထားသလို အမေရိကန်ဟာ နျူကလီးယား လက်နက်ထိန်းချုပ်ရေးစာချုပ်ကနေ  နုတ်ထွက်ပြီး နျူကလီးယားစစ်ဖြစ်အောင် ဖန်တီးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။  ရုရှားဟာ ကိုယ်ပိုင် တာလတ်နဲ့ တာတိုပစ် ဒုံးကျည်တွေကို စတင်ထုတ်လုပ်နေပြီလို့  အောက်တိုဘာ ၁၁ ရက်နေ့မှာ သမ္မတပူတင်က ကြေညာခဲ့ပါတယ်။ 
2 years Ago
Up