စစ်ရေးလေ့ကျင့်ခန်

February 29, 2020

မြောက်ကိုရီးယားခေါင်းဆောင် စစ်ရေးလေ့ကျင့်မှု ကြည်ရှု

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း   စစ်ရေးလေ့ကျင့်တာတွေ ကြည့်ရှုနေတဲ့ ဓာတ်ပုံတွေကို  နိုင်ငံပိုင်သတင်းဌာနက ဖေဖော်ဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ စစ်စွမ်းရည်နဲ့ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းကို အကဲဖြတ်ဖို့ စစ်ရေးလေ့ကျင့်ခန်းကို  ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြုလုပ်ခဲ့ပြီး စစ်ရေးလေ့ကျင့်ခန်းအပြီးမှာ ခေါင်းဆောင်ကင် အားရ ကျေနပ်ခဲ့တယ်လို့ KCNA ကဖော်ပြပါတယ်။  ခေါင်းဆောင်ကင်နဲ့ အာဏာရအလုပ်သမားပါတီ ပေါ်လစ်ဗျူရိုအစည်းဝေးလုပ်နေတဲ့ ဓာတ်ပုံတွေကိုလည်း  KCNA က ပြသခဲ့ပါတယ်။  ခေါင်းဆောင်ကင်က  နိုင်ငံတော်အဆင့် ကပ်ရောဂါတိုက်ဖျက်ရေး လုပ်နေချိန်မှာ ဘယ်လိုကူးစက်မှုမျိုးမှ  အဖြစ်မခံဘူးလို့ ပြောခဲ့တယ်လို့ KCNA ကဖော်ပြပါတယ်။  မြောက်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ မရှိဘူးဆိုပြိး အတည်ပြုထားပါတယ်။  ဒါပေမဲ့ ရောဂါလက္ခဏာပြသူတွေအတွက် လချီ သီးခြားစောင့်ကြပ်မှု ထားရှိပြီး နယ်စပ်၊ လေဆိပ်နဲ့ ဆိပ်ကမ်းတွေမှာ စစ်ဆေးရေးတိုးမြှင့်တာအပါအဝင် တင်းကျပ်တဲ့ အစီအမံတွေ ဆောင်ရွက်ထားတယ်လို့ နိုင်ငံပိုင်မီဒီယာက ပြောကြားပါတယ်။ 
2 years Ago
Up