စစ်ရေးတင်းမာမှု

February 15, 2022

ယူကရိန်းအရေး စစ်ရေးတင်းမာမှု လျှော့ချရန် အချိန်တန်ပြီဟု ကုလအတွင်းရေးမှူးချုပ်ပြော

ယူကရိန်းအရေး အရှိန်မြင့်လာနေတာကြောင့် စစ်ရေးပဋိပက္ခကို ရှောင်ရှားပြီး သံတမန်နည်းလမ်းနဲ့အဖြေရှာမှုကို ထပ်တိုးမြှင့်ကြပါလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရဲ့စ်က ဖေဖော်ဝါရီ ၁၄ ရက်က တိုက်တွန်းလိုက်ပါတယ်။

“ဒီလို အန္တရာယ်ကြီးမားတဲ့ ထိပ်တိုက်တိုးမှုမျိုး ကျနော်တို့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ မြေပြင်မှာ တင်းမာမှုအရှိန်တွေ လျှော့ချဖို့ အချိန်တန်ပြီ၊ သံတမန်နည်းလမ်းကို စွန့်လိုက်တာဟာ  ချောက်ထဲကျဖို့ ခြေလှမ်းလိုက်တာပဲ၊ ဆွေးနွေးပွဲတွေ ပြန်စရမယ်” လို့ ပြောပါတယ်။

အဲဒီရက်အစောပိုင်းမှာ ဂူတာရဲ့စ် က ရုရှားနဲ့ ယူကရိန်းတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေကို သီးခြားစီ ဆက်သွယ် ဆွေးနွေးခဲ့ပြီး သတင်းစာရှင်းလင်းရာမှာ “ကျနော့် သုံးသပ်ချက်အရတော့ စစ်ပွဲဖြစ်မလာနိုင်ပါဘူး” လို့  ပြောပါတယ်။

အမေရိကန်နဲ့ နိုင်ငံအချို့က သူတို့သံရုံးဝန်ထမ်းတွေကို ယူကရိန်းကနေ အမြန်ဆုံးထွက်ခွာဖို့ နှိုးဆော်ထားပေမဲ့ ဂူတာရပ်စ်က ယူကရိန်းရှိ ကုလဝန်းထမ်း ၁၆၀၀ ကျော်ကို တခြား ပြောင်းရွှေ့ခိုင်းဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။။ ယူကရိန်းမှာ ပြည်တွင်းကုလဝန်ထမ်း ၁၄၀၀ နဲ့ နိုင်ငံခြားသားဝန်ထမ်း ၂၂၀ ကျော် ရှိနေတာပါ။

ကုလသမဂ္ဂရဲ့ ကြားဝင်ညှိနှိုင်းပေးနိုင်တဲ့ အနေအထားရှိပါသလားဆိုတဲ့ မေးခွန်းကို ဂူတာရဲ့စ်က “ဒါက သူ့တာဝန်ဖြစ်ပြီး နှစ်ဘက်စလုံးနဲ့ ထိတွေ့ ဆောင်ရွက်နေမှုတွေ ရှိပါတယ်” လို့ ဖြေခဲ့ပါတယ်။ 

4 months Ago

January 20, 2022

ရုရှား-ယူကရိန်း စစ်ရေးတင်းမာမှု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ယူကရိန်းသမ္မတနှင့် ဆွေးနွေး

ရုရှားနဲ့ ယူကရိန်းကြား စစ်ရေးတင်းမာနေမှုကို သံတမန်နည်းနဲ့ ဖြေရှင်းနိုင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ ဇန်နဝါရီ ၁၉ ရက်နေ့က ယူကရိန်းကို သွားရောက်ပြီး သမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး နဲ့  တွေ့ဆုံခဲ့ပါတယ်။

ဘလင်ကင်က “ပဋိပက္ခကို သံတမန်နည်းနဲ့ဖြေရှင်းမှုကသာ အဓိက ဦးစားပေးမှု ဖြစ်ရပါမယ်။ မော်စကိုအနေနဲ့ ကျူးကျော်ရန်လိုမှုအသစ်တွေကို ရွေးချယ်မယ်ဆိုရင် ရှေ့မှာရင်ဆိုင်ရမယ့် အကျိုးဆက်က ကြီမားပါတယ်” လို့ ပြောပါတယ်။

သမ္မတ ဇာလန်စကီးက အမေရိကန်ရဲ့ စစ်ရေးကူညီမှုတွေကို ကျေးဇူးတင်ကြောင်းနဲ့ အဲဒီအကူအညီဟာ နေတိုးအဖွဲ့ထဲ ယူကရိန်းဝင်ရောက်ရေး မဟာဗျူဟာအတွက် အထောက်အပံ့အများကြီးဖြစ်ကြောင်း ပြောပါတယ်။

ယူကရိန်းနယ်စပ်မှာ ရုရှားတပ်  ထောင်သောင်းချီချထားမှုအပေါ် အမေရိကန်နဲ့ အနောက်အုပ်စုက စိုးရိမ်မှုမြင့်တက်နေချိန်မှာ ဘလင်ကင်က ကီးယက်ဗ်မြို့ကို သွားရောက်ခဲ့တာပါ။ 

ရုရှားဘက်ကတော့ ယူကရိန်းအား တိုက်ခိုက်မယ့်အစီအစဉ်ကို ငြင်းဆိုထားပြီး အနောက်အုပ်စုအနေနဲ့ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်မခံဖို့ အဓိကတောင်းဆိုထားပါတယ်။

ဇာလန်စကီးနဲ့ တွေ့ဆုံပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ဟာ ဂျာမဏီမှာ နေတိုးမဟာမိတ်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ အဲဒီနောက် ဂျီနီဗာမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေအိ လက်ဗရော့ဗ်နဲ့ ထပ်မံတွေ့ဆုံမှာ ဖြစ်ပါတယ်။

5 months Ago
More News
Up