စစ်ရေးခြိမ်းခြောက်မှု

December 9, 2020

စစ်ရေးခြိမ်းခြောက်မှုကို နေ့စဉ် ရင်ဆိုင်နေရဟု ထိုင်ဝမ်သမ္မတ ပြော

တောင်တရုတ်ပင်လယ်အတွင်း တရုတ်က တပ်ချထားတာတွေ ပိုများလာလို့ ထိုင်ဝမ်ဟာ စစ်ရေးခြိမ်းခြောက်မှုကို နေ့စဉ် ရင်ဆိုင်နေရတယ်လို့ ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်က ဒီဇင်ဘာ ၈ ရက်မှာ ပြောပါတယ်။ အမေရိကန်က ၆ နှစ်မြောက်အနေနဲ့ ဒီနှစ်မှာ ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ သန်း ၂၈၀ ဖိုး လက်နက် ရောင်းချကြောင်း ကြေညာအပြီးမှာ ခုလို ပြောတာ ဖြစ်ပါတယ်။ ထိုင်ဝမ်ကျွန်းကို ထိုင်ဝမ်သားတွေက သီးခြားအုပ်ချုပ်ပေမဲ့ တရုတ်ပြည်မကြီးအစိုးရကတော့ သင်းကွဲပြည်နယ်လို့ သတ်မှတ်ရင်း ထိုင်ဝမ်ကို သူ ပိုင်တယ်လို့ အခိုင်အမာ ကြေညာထားပါတယ်။ အမေရိကန်ရဲ့ လက်နက်ရောင်းချမှုကို ဒေါသထွက်ကြောင်း တရုတ်အစိုးရက ပြောပြီး လက်တုံ့ပြန်မယ်လို့ ပြောပေမဲ့ ဘယ်လို တုံ့ပြန်မယ်ဆိုတာကိုတော့ မပြောပါဘူး။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရသက်တမ်းမှာ ထိုင်ဝမ်ကျွန်းရဲ့ ဒီမိုကရေစီကို ထောက်ခံအားပေးခဲ့ပြီး စုစုပေါင်း လက်နက်ရောင်းချမှု ၁၁ ကြိမ် ရှိခဲ့ပါတယ်။ ဒီဇင်ဘာ ၇ ရက်ကလည်း သတင်းအချက်အလက် ဆက်သွယ်ရေးစနစ်သစ်ကို ရောင်းချမှုနဲ့ပတ်သက်ပြီး အမေရိကန် အစိုးရက အောက်လွှတ်တော်ကို အသိပေး အကြောင်းကြားခဲ့ပါတယ်။ ဒီနှစ်အတွက် အမေရိကန် ဒေါ်လာ ၅ ဘီလီယံဖိုး ရောင်းချမှုဟာ လက်ရှိ တင်းမာနေတဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးကို ပိုဆိုးရွားစေပါတယ်။ အဲဒီနောက် တရုတ်ပြည်မကြီး အစိုးရက လေတပ်စစ်ဆင်ရေး အပါအဝင် စစ်ရေး လေ့ကျင့်မှုတွေကို ထိုင်ဝမ်ကျွန်းနားမှာ ပိုတိုးလုပ်ခဲ့ပြီး အမေရိကန်ကုမ္ပဏီတွေအပေါ် စီးပွားရေး ဒဏ်ခတ်ခဲ့ပါတယ်။
4 months Ago
Up