.စစ်ရာဇဝတ်မှု

A d v e r t i s e m e n t With Us

January 28, 2021

သီရိလင်္ကာပြည်တွင်းစစ်ကာလ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သူများကို ဒဏ်ခတ်ရန် ကုလ ဆော်သြ

သီရိလင်္ကာပြည်တွင်းစစ်ရဲ့ နောက်ပိုင်းနှစ်တွေမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ စစ်ဦးစီးမှူးဟောင်းတွေအပေါ် ပစ်မှတ်ထားဒဏ်ခတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြီးအကဲ မစ်ချဲဘာချေးလက်က နိုင်ငံတွေကို ဇန်နဝါရီ ၂၇ ရက်မှာ ဆော်သြ လိုက်ပါတယ်။

၂၀၀၉ ခုနှစ်မှာ အဆုံးသတ်ပြီး ၂၆ နှစ် ကြာခဲ့တဲ့ ပြည်တွင်းစစ်အတွင်း တမီးလ် ကျားသူပုန်တွေကို နှိမ်နင်းချိန်မှာ အရပ်သားတွေပါ  သေဆုံးခဲ့တာပါ။

ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အလွဲသုံးစားမှုတွေကို ကျူးလွန်တယ်လို့ စွပ်စွဲ ခံထားရသူတွေကို ပိုင်ဆိုင်မှု ထိန်းသိမ်းတာနဲ့ ခရီးသွားခွင့် ပိတ်ပင်တာတွေ အပါအဝင် ပစ်မှတ်ထား ဒဏ်ခတ်ဖို့ နိုင်ငံအစိုးရတွေက စဉ်းစားနိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ ဂျို့စ်နာ ပူဒီယယ်က ပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်လာတဲ့ သီရိလင်္ကာ နိုင်ငံဆိုင်ရာ အစီရင်ခံစာကို ကိုးကား ပြောဆိုခဲ့တာပါ။ အစီရင်ခံစာထဲမှာ သမ္မတ ရာဂျာပတ်စာဟာ အဓိက အရပ်ဖက် ရာထူးတွေအတွက် တာဝန်ထမ်းဆောင်ဆဲနဲ့ အငြိမ်းစား စစ်ဘက်နဲ့ ထောက်လှမ်းရေးဘက်က အရာရှိ ၂၈ ယောက်ထက် မနည်းကို ခန့်အပ်ထားတယ်လို့ ဆိုပါတယ်။

သူတို့ထဲက တချို့ဟာ ပြည်တွင်းစစ် နောက်ဆုံးနှစ်တွေအတွင်း လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်နေတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာ တွေထဲမှာ ဖော်ပြခံထားရပါတယ်။

1 month Ago
Up