စစ်ရာဇဝတ်မှု

November 6, 2020

ကိုဆိုဗိုသမ္မတ ရာထူးမှ နုတ်ထွက်

ကိုဆိုဗိုသမ္မတ ဟာရှင်သာစီဟာ စစ်ရာဇဝတ်မှု စွဲချက်အတင်ခံရတာကို သိရှိပြီးနောက်  နိုဝင်ဘာ ၅ ရက်က သမ္မတ ရာထူးကနေ  နုတ်ထွက် ခဲ့ပါတယ်။  ကိုဆိုဗိုအရေးတော်ပုံကို စုံစမ်းနေတဲ့ အထူးရှေ့နေရုံးက  သမ္မတ သာစီကို လူသတ်မှု ၁၀၀ နီးပါး အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက်  ပြီးခဲ့တဲ့ ဇွန်လ တုန်းက စွဲချက်တင်ခဲ့တာပါ။  ကိုဆိုဗိုလွတ်လပ်ရေး ရစေတဲ့ တော်လှန်ရေးအတွင်း ကိုဆိုဗိုလွတ်မြောက်ရေးတပ် (KLA) ပြောက်ကျားတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို  ၂၀၁၅ ခုနှစ်တုန်းက The Hague မြို့မှာ ကိုဆိုဗိုတရားရုံးကို တည်ထောင်ပြီး စစ်ဆေးခဲ့ပါတယ်။  KLA  ပြောက်ကျားတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေဟာ ဥရောပ လူ့အခွင့်အရေး ကောင်စီရဲ့ ၂၀၁၁  အစီရင်ခံစာနဲ့ အတူ ပေါ်ပေါက်လာခဲ့တာပါ။  အဲဒီအစီရင်ခံစာက  ၁၉၉၈-၉၉ ပဋိပက္ခကာလအတွင်း KLA  ပြောက်ကျားတွေက အရပ်သား ဆာ့ဘ်တွေနဲ့ အယ်ဘေးနီးယန်းမျိုးနွယ်စု နိုင်ငံရေး အတိုက်အခံတွေကို သတ်ဖြတ်ခဲ့ တယ်ဆိုပြီး စွပ်စွဲထားပါတယ်။     ကိုဆိုဗိုတရားရုံးက သူ့အပေါ် တင်ထားတဲ့ စွဲချက်အတည်ပြုလိုက်တာကို လအနည်း ငယ်ခန့်က သူသိရှိခဲ့တယ်လို့ ကိုဆိုဗိုသမ္မတ သာစီက နိုဝင်ဘာလ ၅ ရက်မှာပြောပါတယ်။  ကိုဆိုဗိုသမ္မတ တစ်ဦးအနေနဲ့တရားရင်ဆိုင်ဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်တာကြောင့်  ကတိ ပေးထားတဲ့အတိုင်း ဒီနေ့ပဲ သမ္မတ ရာထူးကနေ နုတ်ထွက်တယ်လို့ သမ္မတသာစီက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ 
6 months Ago

July 14, 2020

စစ်ရာဇဝတ်မှုဖြင့် တရားစွဲခံရသည့် ကိုဆိုဗိုသမ္မတ နိုင်ငံတကာတရားရုံးရောက်

ကိုဆိုဗိုသမ္မတ ဟာရှင်မ်သာစီဟာ နယ်သာလန်နိုင်ငံရဲ့မြို့တော် သဟိတ်က နိုင်ငံတကာ တရားရုံးဆီ ဇူလိုင် ၁၃ ရက်က ရောက်လာပါတယ်။ ဆားဘီးယားတွေရဲ့ ဖိနှိပ်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ၁၉၉၈-၉၉ ကိုဆိုဗို ဆန္ဒပြပွဲအတွင်း လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ သူ့ကို အရင်လက တရားစွဲခဲ့တဲ့ အစိုးရရှေ့နေတွေနေဲ့ တွေ့ဆုံဖို့ ရောက်လာတာပါ။ ကိုဆိုဗိုနိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ တော်လှန်ရေးကာလအတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ကိုင်တွယ်တဲ့ အထူးတရားခွင်ကို မဝင်ခင် သာစီက 'ဘယ်သူမှ သမိုင်းကို ပြန်မရေးနိုင်ဘူး။ ဒါဟာ လွတ်လပ်ရေးအတွက် ပေးဆပ်ရတဲ့ အဖိုးအခပဲ'လို့ ပြောပါတယ်။ သာစီဟာ သူ့အပေါ် စွဲချက်တွေကို ဆွေးနွေးဖို့ တရားရုံးရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံခဲ့ပြီး အစည်းအဝေးပြီးတာနဲ့ အဲဒီနေ့နှောင်းပိုင်းမှာတင် အမိမြေကို ပြန်ဖို့ မျှော်လင့်ထားပါတယ်။ ပဋိပက္ခကာလအတွင်း ဘယ်လို စစ်ရာဇဝတ်မှုမှာမှ ပါဝင်ပတ်သက်မှု မရှိဘူးလို့လည်း သူက အရင်တည်းက ငြင်းဆိုထားပါတယ်။ သာစီဟာ ကိုဆိုဗို လွတ်မြောက်ရေးတပ် ပြောက်ကျားအုပ်စုရဲ့ ထိပ်တန်းစစ်ဦးစီးမှူးဟောင်း ဖြစ်ပြီး စစ်အတွင်း အရပ်သား ၁၀၀ နီးပါး အသတ်ခံရမှုမှာ တာဝန်ရှိတယ်လို့ ဆွဲချရှေ့နေတွေက ပြောပါတယ်။ သာစီကို ထောက်ခံတဲ့အနေနဲ့ အယ်လ်ဘေးနီးယားတိုင်းရင်းသား လူ ၂၀ လောက်ဟာ ကိုဆိုဗိုနဲ့ အယ်လ်ဘေးနီးယား အလံတွေ ဝှေ့ယမ်းရင်း၊ ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း တရားရုံးအပြင်မှာ ဆန္ဒပြပါတယ်။ စစ်ရာဇဝတ်မှု စွဲချက်ကို စုံစမ်းစစ်ဆေးရေး ဒေသတွင်း အားထုတ်မှုတွေကတော့ ကျယ်ပြန့်တဲ့ ခြိမ်းခြောက်မှုတွေကြောင့် အရာမထင်ပါဘူး။ ဘောလ်ကန် နိုင်ငံငယ်လေးထဲမှာ လူမျိုးရေးအုပ်စုအပေါ် သစ္စာရှိမှု နက်ရှိုင်းပြီး သူပုန်ဟောင်းတွေက လူလေးစားခံ နေရာပေးခံထားရပါတယ်။
10 months Ago
Up