စစ်ယာဉ်တန်း မိုင်းနင်း

April 4, 2021

တမူးမြို့၌ ပစ်ခတ်မှုများဖြစ်ပွား၊ စစ်ယာဉ်တန်း မိုင်းနင်းပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့၊ အာရှလမ်းမကြီးပေါ်ရှိ စန္ဒကူးရပ်ကွက်နဲ့ ဈေးတန်းရပ်ကွက်တွေမှာ စစ်ကောင်စီရဲ့အကြမ်းဖက်လက်နက်ကိုင်တပ်တွေနဲ့ ဒေသခံတချို့ ဧပြီ ၄ ရက် ညနေပိုင်းက ရင်ဆိုင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီးနင်းလာတဲ့ကားတန်းက ရွှေမြို့တော်ဆီဆိုင်ရှေ့မှာ မိုင်းနင်းပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးသွားတယ်လို့လည်း ဒေသခံတွေက ဒီဗွီဘီကိုပြောပါတယ်။ ခုလိုသေဆုံးသွားတဲ့ သတင်းကို စစ်ကောင်စီမီဒီယာတွေမှာတော့ အတည်ပြုဖော်ပြခြင်းမရှိသေးပါဘူး။

ဒီနေ့ ညနေ ၃ နာရီလောက်ကတည်းက ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ညနေ ၆ နာရီကျော်ထိကြာမြင့်ခဲ့တယ်လို့ ဒဒေသခံတွေက ဆိုပါတယ်။ အဆိုပါ ပစ်ခတ်မှုတွေ ကြောင့် ထိခိုက်ကျဆုံး ဘယ်လောက်ရှိတယ်ဆိုတာကိုတော့မသိရသေးပါဘူး။  

ဧပြီလ ၃ ရက်နေ့ ညကလည်း တမူးမြို့မှာပဲ စစ်ကောင်စီရဲကင်းစခန်း၊ နယ်ခြားကင်းစခန်း၊ တံတားတို့ မီးလောင်မှုဖြစ်ပွားခဲ့ပါသေးတယ်။

1 month Ago
Up