စစ်ယာဉ်တန်းမိုင်းခွဲတိုက်ခိုက်ခံရ

August 19, 2021

ယောဒေသတွင် စစ်ယာဉ်တန်းမိုင်းခွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ သြဂုတ် ၁၈ ရက်က  စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၃၀ လောက်သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကား အစီး ၄၀ ကျော်လောက်နဲ့ ဂန့်ဂေါ-ကလေး ကားလမ်းအတိုင်း မောင်းလာစဉ် မိုင်းခွဲတိုက်ခိုက်ခံရတာလို့ ယောဒေသခံခေါင်းဆောင်တစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့မနက် ၉ နာရီခွဲမှာ စစ်ကား ၄၃ စီး။ အိမ်စီကား ၇ စီး။ ကလေးဘက်ကို တက်တယ် မိုင်းခွဲတာက မနေ့က မွန်းလွဲ ၁ နာရီလောက် တိုင်းရဲမှူးကြီး သူရသွင်ကိုကို ဦးစီးတဲ့ ယာဥ်တန်းမှာ ၃၈ စီး အဲဒီယာဥ်တန်းကိုမိုင်းဆွဲ တိုက်ခိုက်တာ ကား ၂ စီးမိုင်းကွဲတယ်။”  

ယောဒေသအတွင်းမှာ PDF အဖွဲ့တွေ အများအပြားပေါ်ပေါက်နေပြီးတော့ အချင်းချင်း အတူတူ စုပေါင်းညီညွတ် အချိတ်ဆက်ရယူပြီး အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ်တော်လှန်စေချင်တယ်လို့ လည်းပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဂန့်ဂေါ-ကလေး ကားလမ်းက ကျေးရွာတွေကို ဝင်ရောက် မွှေနှောက်ပြီး ယောနယ်ထဲက ကျေးရွာတစ်ရွာမှာလည်း ဆိုင်ကယ် ၄ စီး ၊ ငွေ ၁၀ သိန်းကျပ်၊ ဆန် ၁၀ အိတ်နဲ့ စားစရာတွေကို အဓမ္မလုယူပြီးတော့ ဆိုင်ကယ် ၂ စီးကိုတော့ ​ငွေ ကျပ် ၂ သိန်းခွဲနဲ့ ရွာသားတွေက ပြန်ရွေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါအပြင် စစ်အုပ်စုတွေဟာ ယောဒေသအတွင်းက ဂန့်ဂေါ-ကလေး ကားလမ်းတစ်လျှောက်က ကျေးရွာတွေမှာ သေနတ်တွေဆက်တိုက်ပစ်ဖောက်ပြီးတော့ နေအိမ်တွေကို ဖောက်ထွင်း ဝင်ရောက်ကာ ပစ္စည်း ၊ ရိက္ခာနဲ့ ငွေကြေးတွေကို လုယက်ယူဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

4 months Ago
Up